NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG, PDF နှင့် KNLA အကြမ်းဖက်အဖွဲ့များက ဘုရားဖူးပြည်သူများအား တိုက်ခိုက်သတ်ဖြတ်ခဲ့သည့်အပေါ် အဖွဲ့အစည်းပေါင်းစုံက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG, PDF နှင့် KNLA အကြမ်းဖက်အဖွဲ့များက ဘုရားဖူးပြည်သူများအား တိုက်ခိုက်သတ်ဖြတ်ခဲ့သည့်အပေါ် အဖွဲ့အစည်းပေါင်းစုံက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာ







MNP ၊ အောက်တိုဘာ ၁၃

NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF နှင့် KNLA အကြမ်းဖက်အဖွဲ့များက ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ် အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားဖူး ပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၁၉ ဦးထိခိုက် ဒဏ်ရာရသည့် ဖြစ်စဉ် ဖြစ်ပေါ်လာပြီးနောက် အဖွဲ့အစည်းပေါင်းစုံက အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF နှင့် KNLA အကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်သမားများ၏ လုပ်ရပ်နှင့် ပတ်သက်၍ မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီ၏ သဘောထား ထုတ်ပြန်ချက်တွင် "အပြစ်မဲ့ ဘုရားဖူးပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်သည် စက်ဆုပ်ရွံရှာဖွယ် လူမဆန်သည့် လုပ်ရပ်ဖြစ်၍ မွန်ပြည်နယ် သတင်းမှန်ပြန်ကြားရေးကော်မတီ အနေဖြင့် လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း" ထုတ်ပြန်ထားသည်။

အလားတူ မွန်ပြည်နယ် သံဃနာယက အဖွဲ့က "ယခုလို ဝါကျွတ်ကာလတွင် ဘုရားဖူးကုသိုလ်ယူနေသည့် အပြစ်မဲ့ ဘုရားဖူး ပြည်သူများအား ပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်ကို ပြည်နယ်သံဃနာယက အဖွဲ့မှ စိတ်နှလုံး မချမ်းမြေ့ပါကြောင်း" ထုတ်ပြန်ထားသည်။


NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF နှင့် KNLA အကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်သမားများ၏ လုပ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ဘူးသီးတောင် မောင်တော ဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)၊ ဗုဒ္ဓကလျာဏယုဝအသင်း(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တို့က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြသည်။


NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF နှင့် ပူးပေါင်း အကြမ်းဖက်အဖွဲ့များ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၃၆၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး အဆိုပါ အကြမ်းဖက်အဖွဲ့များအနေဖြင့် သံဃာတော်များကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ သံဃာတော် ၅၆ ပါးအထိ သေဆုံးခဲ့ရသည်။


အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၈/၂၀၂၂) အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက် ခိုက်မှုများ မဖြစ်စေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်မှုမရှိစေရေး တပ်မတော်မှ ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်၌ PDF များနှင့် ဆက်နွယ်နေသည့် EAO အဖွဲ့များတွင် ထိခိုက်မှုများ များပြားလျက်ရှိကြောင်း၊ အဆိုပါ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားသည့် ဒေသများထိခိုက်ဆုံးရှုံးမှုများ ပိုမိုများပြားကြောင်း၊ ပြည်သူလူထု၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို ထိခိုက်မှုများရှိလာမည်ဆိုပါက လက်တွေ့ ကျသည့်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အထက်ပါပြောကြားမှုကို ၂၇-၉-၂၀၂၂ ရက်နေ့ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ပြောကြားခဲ့ခြင်းဖြစ်ပြီး NLD အစွန်းရောက် ပြည်ပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များက အကြမ်းဖက်လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်ရန် လှုံ့ဆော်ခဲ့ကြပြီး PDFနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုများ တိုးမြှင့် လုပ်ဆောင်လာကြခြင်းဖြစ်သည်။


NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF နှင့် KNLA အကြမ်းဖက်အဖွဲ့များက ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ် အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားဖူး ပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၁၉ ဦးထိခိုက် ဒဏ်ရာရသည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီးနောက် ပြန်ကြားရေးဒုဝန်ကြီး၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက "သေဆုံးဒဏ်ရာရ သူများနဲ့ပတ်သက်ပြီး  နိုင်ငံတော်အစိုးရအနေနဲ့ အထူးဝမ်းနည်းကြောင်း ပြောလိုပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ အခုဆိုရင် ဘုရားဖူးပြည်သူတွေကိုပါ လိုက်လံပစ်ခတ်တဲ့အကြမ်းဖက်မှုမျိုးတွေ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒါတွေက   ဘာတွေနဲ့ဆက်စပ်နေသလဲဆိုတော့ မနေ့တစ်နေ့ကပဲ အကြမ်းဖက် NUG အဖွဲ့ရဲ့သမ္မတလို့ အမည်ခံထားတဲ့သူ ကိုယ်တိုင်က တိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်ပြီး ဆက်လုပ်သွားမယ်ဆိုတဲ့နောက်မှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ NUG / CRPH /PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေကို ဆက်လက်ပြီးတော့ ပြတ်ပြတ်သားသား ချေမှုန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။" ဟု ပြောကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)