ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများအား ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုအပါအဝင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် NLD ပါတီမှ ဖွဲ့စည်းထားသော CRPH, NUG, PDF နှင့် ပူးပေါင်း အကြမ်းဖက်အဖွဲ့များက ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေသည့်အပေါ် သဘောထားထုတ်ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများအား ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုအပါအဝင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် NLD ပါတီမှ ဖွဲ့စည်းထားသော CRPH, NUG, PDF နှင့် ပူးပေါင်း အကြမ်းဖက်အဖွဲ့များက ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေသည့်အပေါ် သဘောထားထုတ်ပြန်ချက်



 

ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများအား ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုအပါအဝင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ်

NLD ပါတီမှ ဖွဲ့စည်းထားသော CRPH, NUG, PDF နှင့် ပူးပေါင်း အကြမ်းဖက်အဖွဲ့များက ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေသည့်အပေါ် သဘောထားထုတ်ပြန်ချက်


ရက်စွဲ ။  ။ ၂၀၂၂ခုနှစ်၊ အောက်တိုဘာ (၁၄)ရက်


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား ၁၂-၁၀-၂၀၂၂ ရက်နေ့က KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက် မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သော ဖြစ်စဉ် ဖြစ်ပေါ်လာပြီးနောက် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်အပေါ် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်လာသည်ကို တွေ့မြင်ရပါသည်။

NLD ပါတီမှ ဖွဲ့စည်းထားသော NUG, CRPH, PDF နှင့် ၎င်းတို့၏ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များအနေဖြင့် အပြစ်မဲ့ ဘုရားဖူးပြည်သူများကို သတ်ဖြတ်မှုအပါအဝင် ရဟန်းရှင်လူပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၄၀၀၀ ဝန်းကျင်အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။

ဘုရားဖူးပြည်သူများကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးတွင် သံဃာတော်တစ်ပါးကို ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြပါသေးသည်။

မြန်မာ့သမိုင်းတွင် တော်လှန်ရေးနှင့် ကင်းကွာသူဟူ၍ မရှိပါ။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရလက်အောက်မှ လွတ်မြောက်ရေးအတွက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အားလုံးက တော်လှန်ရေးတိုက်ပွဲကို အတူဆင်နွှဲပြီး လွတ်လပ်ရေးရယူခဲ့ကြခြင်းဖြစ်ပါသည်။ ထို့အပြင် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အစိုးရအပေါ် မကျေနပ်မှုများကို အကြောင်းပြု၍ နှစ်ပေါင်းများစွာ လက်နက်ကိုင်၍ တော်လှန်ခဲ့ကြသည့် သမိုင်းမှတ်တမ်းများလည်း ရှိပါသည်။

တပ်မတော်ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်ဖြစ်စေ ပြည်သူ့ဘက်ကို ပြောင်းဝမလှည့်ရဟူသော စည်းကမ်းကို လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက လိုက်နာကြရပါသည်။ ယခုအခါ NLD ပါတီမှ ဖွဲ့စည်းထားသော NUG, CRPH, PDF အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ မိတ်ဖက် လက်နက်ကိုင်အဖွဲ့များသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကိုသာ အချိန်နဲ့အမျှ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် တော်လှန်ရေးလမ်းစဉ် မမှန်တော့ဘဲ အကြမ်းဖက်လမ်းစဉ်ကိုသာ အစဉ်တစိုက် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။

ထိုသို့ ပြည်သူများကို နိုင်ငံရေးမှိုင်းတိုက်၍ အကြမ်းဖက်လမ်းစဉ်ပေါ် တွန်းပို့ခဲ့ကြသူများ၊ အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါ၍ ဆင်ကန်းတောတိုး မိုက်မဲနေသူများအား ထိရောက် ပြင်းထန်စွာ နှိမ်နင်းခြင်းမရှိပါက ဆက်လက်၍ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေကြအုံးမည်ဖြစ်ပါသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း၊ ငြိမ်းချမ်းရေးကိုလိုလားသော ရဟန်းရှင်လူပြည်သူများအနေဖြင့်လည်းကောင်း တော်လှန်ရေးဟု ခေါင်းစဉ်လှလှ တပ်၍ အပြစ်မဲ့ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်သည့် အကြမ်းဖက်လမ်းစဉ်ကို အစဉ်တစိုက်လုပ်ဆောင်လျက်ရှိသော NUG, CRPH, PDF အပါအဝင် ၎င်းတို့၏ မိတ်ဖက် အကြမ်းဖက်အဖွဲ့များအားလုံး အမိမြေပေါ်မှ ကင်းစင်ပပျောက်ရေးအတွက် လက်တွေ့ကျကျ ညီညီညွတ်ညွတ်ပူးပေါင်း ရှင်းလင်း ဖယ်ရှားကြပါရန် အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။


Myanmar National Network

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)