NLD အစွန်းရောက်တို့၏ ရက်စက်ယုတ်မာမှုကြီးကို မြင်တွေ့လိုက်ရခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက်တို့၏ ရက်စက်ယုတ်မာမှုကြီးကို မြင်တွေ့လိုက်ရခြင်း


ယနေ့ နံနက်ပိုင်းက အင်းစိန်(ဗဟို) အကျဉ်းထောင်ဝင်ပေါက် ပါဆယ်ဌာနမှာ ဗုံးပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ဝန်ထမ်း(၃)ယောက် နဲ့ အကျဉ်းသားများထံ ပါဆယ်ထုပ်လာရောက်ပေးပို့တဲ့ အကျဉ်းသားမိသားစုဝင် (၅)ဦး စုစုပေါင်း(၈) ဦး သေဆုံးခဲ့ပါတယ်။ အစောပိုင်းသတင်းတွေအရ အကျဉ်းဦးစီးဝန်ထမ်း(၃)ဦး သေဆုံးတယ်လို့ သတင်းကြားသိရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရဲ့ အတည်ပြုထုတ်ပြန်ချက် ထွက်လာတော့မှ (၈)ဦးအထိ သေဆုံးရတယ်ဆိုတာကို သိခဲ့ရပါတယ်။

နိုင်ငံအဝှမ်းမှာ အစွန်းရောက် အကြမ်းဖက်၊ ဖောက်ခွဲဖျက်ဆီး၊ လုပ်ကြံသတ်ဖြတ်မှုတွေကို ကျူးလွန်နေကြတာကတော့ NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့များရဲ့ လက်ကိုင်တုတ် PDF နဲ့ KNLA, KIA အကြမ်းဖက်သမားများရဲ့ လုပ်ရပ်များပဲ ဖြစ်ပါတယ်။ NLD ဦးဆောင်သူတွေရဲ့ ဆူပူအကြမ်းဖက် လှုံ့ဆော်မှုနဲ့အတူ မြေပြင်မှာ မိုက်မဲဆိုးသွမ်းနေကြသူများ ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဘက်မှာ KNU ခွဲထွက် KNLA တပ်မဟာ (၁) နဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ကိုင်တုတ် PDF က အပြစ်မဲ့ ဘုရားဖူးပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်က ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ အလားတူ မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး နဲ့ ကချင်ပြည်နယ်တို့မှာ သံဃာတော်တွေကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ကျိုးထီးရိုးဖြစ်စဉ် နောက်ပိုင်းမှာ ထပ်မံ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီကနေ့ (၉ - ၁၀ - ၂၀၂၂) ရက်နေ့ အင်းစိန်အကျဉ်းထောင် ပါဆယ်ဌာနမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကြီးကတော့ တကယ့်ကို ယုတ်မာရက်စက်လွန်းတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမားများက အကျဉ်းသားများကို ပေးပို့တဲ့ ပါဆယ်ထုပ်ထဲမှာ လက်လုပ်မိုင်းများကို ထုပ်ပိုးလာပြီး ဖောက်ခွဲတိုက်ခိုက်သွားခဲ့ခြင်း ဖြစ်ပါတယ်။ ဖြစ်စဉ်အတွင်းမှာ အကျဉ်းဦးစီးဌာန ဝန်ထမ်းများထဲက ကျော်ဇင်ဦး၊ ချစ်မိုးဝေ၊ ပိုးအိစံ (၃)ဦး ပါဆယ်လာရောက်ပေးပို့တဲ့ ပြည်သူများထဲက ဒေါ်သင်းသင်းချို (၅၄)နှစ်၊ မယွင်းမီမီကျော် (၁၀)နှစ်၊ ဒေါ်သိန်းကြွယ် (၅၆)နှစ် နှင့် စိစစ်ဆဲ အမျိုးသမီး (၂)ဦး သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။ NLD အစွန်းရောက်တွေ ရဲ့ တိုက်ခိုက်မှုဟာ အပြစ်မဲ့ ပြည်သူတွေကို  ပစ်မှတ်ထားတိုက်ခိုက်တဲ့ သဘောဖြစ်နေပြီး အသက်(၁၀)နှစ် အရွယ် မျိုးဆက်သစ်ကလေးငယ်လေးပါ သေဆုံးခဲ့ရပါတယ်။

ပေါက်ကွဲမှု ဖြစ်စဉ်အတွင်း သေဆုံးသူ (၈)ဦး အပြင် အကျဉ်းဦးစီးဝန်ထမ်း ဒေါ်သိင်္ဂီဝင်းမြင့်၊ ဇေယျာခင်စိုး၊ ထွန်းထွန်းနိုင်၊ သူရိန်ထွေး၊ သဒ္ဒါဖူးကိုကို (၅)ဦး နှင့် ပါဆယ်ထုပ် လာရောက်ပေးပို့တဲ့ ပြည်သူများထဲက မောင်ဖြိုးသူသျှံ (၉)နှစ်၊ ကိုရန်နိုင် (၃၅)နှစ်၊ ကိုစည်သူအောင် (၃၈)နှစ်၊ မောင်ပြည့်စုံဖြိုး (၁၇)နှစ်၊ ကိုထက်နိုင်ထွန်းရှိန် (၃၃)နှစ်၊ ဒေါ်ဇာခြည်လွင် (၄၃)နှစ်၊ မအေးစန္ဒာစိုး (၂၁)နှစ်၊ ဒေါ်မျိုးပပဝင်း (၄၁)နှစ်၊ မမေသွန်းနဒီနိုင် (၁၇)နှစ်၊ ဒေါ်နော်ဝါးဖော (၅၀)နှစ်၊ မဆွေသူအောင် (၂၉)နှစ်၊ မဇင်မာဝင်း (၃၄)နှစ်၊ ဒေါ်မိုးသီတာ (၅၃)နှစ် အရပ်သားပြည်သူ (၁၃)ဦး စုစုပေါင်း (၁၈) ဦး အထိ မိုင်းစထိမှန် ဒဏ်ရာရရှိပြီး အင်းစိန်ဆေးရုံကြီးမှာ ပို့ဆောင်ပြီး ဆေးဝါးကုသမှု ပေးနေရပါတယ်။

NLD အစွန်းရောက်များရဲ့ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ကလေးငယ်များနှင့် အမျိုးသမီးများ ထိခိုက်သေဆုံး ဒဏ်ရာရ ဖြစ်ခဲ့ပါတယ်။ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို အစဉ်သဖြင့် ထောက်ခံအားပေး ကူညီပံ့ပိုးပြီး ရေးသားလှုံ့ဆော်ပေးနေတဲ့ ပြည်ဖျက်မီဒီယာများမှာ ဟိုက်လိုက်လုပ်ပြီး ဖော်ပြလာတာကတော့ အင်းစိန်ထောင်ရှေ့ပေါက်ကွဲမှု သေဆုံးသူတွေထဲ ဗကသကျောင်းသားဟောင်း ကိုဂျိမ်းစ် မိခင်ပါဝင် သွားတယ်လို့ ဆိုပါတယ်။ သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ စိစစ်ဆဲ အမျိုးသမီး(၂)ဦး အဖြစ်ဖော်ပြပါရှိတဲ့ အနက်က ပေါက်ကွဲမှုတွေအတွင်း သေဆုံးသူတွေထဲမှာ ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ်(ခ)ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့်လည်း ပါဝင်တယ်လို့ ရေးသားဖော်ပြလာကြပါတယ်။

NLD အစွန်းရောက် ပြည်ပြေး ဝရမ်းပြေး တွေရဲ့ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေကြောင့် မြန်မာပြည်အတွင်းမှာ ဆင်ကန်းတောတိုး မိုက်မဲဆိုးသွမ်းနေတဲ့ PDF အကြမ်းဖက်သမားများဟာ NLD ကို မထောက်ခံအားပေးခြင်းမရှိတဲ့ အခြားသော ပါတီဝင်တွေ၊ အစိုးရဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုပေမယ့် သံဃာတော်တွေလည်း မချန်၊ ဆရာ/ ဆရာမတွေလည်း မချန်၊ နောက်ဆုံး NLD ထောက်ခံသူတွေကိုပါ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။

ပြည်ပမှာ အလုပ် လုပ်ပြီး PDF အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့လှူဒါန်းပေးနေတဲ့ လူငယ်တစ်ဦးရဲ့ ဖခင်ကို PDF အကြမ်းဖက်သမားတွေက ဒလန်လို့ ခေါင်းစဉ်တပ်ပြီး သတ်လိုက်ကြပါတယ်။ PDF ကို ကူညီပံ့ပိုးခဲ့တဲ့ ပြည်ပက ညီငယ်လေး PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို စိတ်နာသွားပါတယ်။ အခု အင်းစိန်ထောင်ရှေ့ ဖောက်ခွဲတိုက်ခိုက်မှုအတွင်းမှာ သူတို့အတွက် အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဗကသ ခေါင်းဆောင်တစ်ဦးရဲ့ မိခင်ကိုပါ လုပ်ကြံသတ်ဖြတ်လိုက်သလို ဖြစ်သွားခဲ့ရပါတယ်။ တာဝန်ရှိသူများ အတည်ပြု ထုတ်ပြန်ခြင်းမပြုမီမှာ ပြည်ဖျက်မီဒီယာတွေအနေနဲ့ သူတို့ရဲ့ အဖွဲ့ဝင်တစ်ဦးရဲ့ မိခင် ပေါက်ကွဲမှုအတွင်း သေဆုံးရတာကို အတည်ပြု ဖော်ပြခဲ့ပါတယ်။ အခြား အမျိုးသမီးတစ်ယောက်ကရော ဘယ်သူဖြစ်နေမလဲ။ အတည်ပြုချက် ရယူရန် ကျန်ရှိနေပါသေးတယ်။

အင်းစိန်ထောင်ရှေ့ဖြစ်စဉ်ကို စဉ်းစားပြီး ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေ ပွဲခံနေလောက်ပြီလို့ တွေးမိပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးတောင် ပြည်ဖျက်တွေ ပွဲခံခဲ့ကြတယ်မဟုတ်လား။ ဘယ်ရပ်ကွက်က အုပ်ကြီးကိုတော့ ဇွပ် ဇွပ် လုပ်လိုက်ပြီ။ မုန့်ဟင်းခါး ဘယ်နှပွဲစားလိုက်ပါပြီ။ ဘယ်နေရာကိုတော့ ဒူးရင်းသီး ကျွေးလိုက်ပြီ ဆိုတာမျိုး ပွဲခံကြလေ့ ရှိပါတယ်။ ဒီနေ့ အင်းစိန်အကျဉ်းထောင်ရှေ့ ဖောက်ခွဲတိုက်ခိုက်မှုအပြီးမှာလည်း သူတို့ ပွဲခံနေကြမှာပဲ ဖြစ်ပါတယ်။

ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံတဲ့ လော်ဘီတွေက မြန်မာပြည်တွင်းမှာ PDF အကြမ်းဖက်သမားတွေက ရက်စက်ယုတ်မာမှုတွေ ကျူးလွန်ပြီးတိုင်း NUG မှာ တာဝန်မရှိကြောင်းဖြင့် ဖုံးဖိကာကွယ် ပြောဆိုမှုတွေ လုပ်လေ့ ရှိပါတယ်။ ကျိုက်ထီးရိုးဘုရားဖူး ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်မှုအပြီးမှာလည်း NUG အကြမ်းဖက်အဖွဲ့ရဲ့ လော်ဘီတွေ က ဘုရားဖူးသွားတဲ့ ပြည်သူတွေ၊ ဝမ်းစာရေးအတွက် ဈေးရောင်းချနေတဲ့ ပြည်သူတွေကို ပြစ်တင်ပြောဆိုပြီး NUG အဖွဲ့ ဦးဆောင်သူတွေရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ အကြမ်းဖက်လှုံဆော်မှုတွေကို ကာကွယ်ပြောဆိုတဲ့ ရုပ်သံတွေ ထွက်လာခဲ့ပါတယ်။

CRPH, NUG အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်များ အနေနဲ့ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တာတွေ များလွန်းမက များပါပြီ။ ဒီကနေ့ အင်းစိန်ထောင်ရှေ့ ပေါက်ကွဲမှုဖြစ်စဉ်ကတော့ သေဆုံးမှုအများဆုံး ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ CRPH, NUG အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်များ ရဲ့ ဆူပူအကြမ်းဖက် လှုံ့ဆော်မှုတွေကြောင့် PDF, KIA, KNLA အကြမ်းဖက်အဖွဲ့ဝင်တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၄၀၀၀) ဝန်းကျင်အထိ ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီဖြစ်ပါတယ်။ ၂၀၁၀ နောက်ပိုင်း ကမ္ဘာမှာ ဆိုးသွမ်းယုတ်မာသော အကြမ်းဖက်အဖွဲ့တွေ ပေါ်ပေါက်ခဲ့ပါတယ်။ အယ်ခိုင်းဒါး၊ တာလီဘန်၊ ဘိုကိုဟာရမ် အစရှိတဲ့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ကမ္ဘာ့မီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြခဲ့ပါတယ်။ အဲဒီအကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့မှု မှတ်တမ်းတွေကို ပြန်ကြည့်ရင် ရာဂဏန်း၊ ထောင်ဂဏန်း ဝန်းကျင်ပဲ ရှိပါလိမ့်မယ်။ မြန်မာနိုင်ငံအတွင်းမှာ NLD ဦးဆောင်သူများဖွဲ့စည်းခဲ့တဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်ယုတ်မာမှုက ကမ္ဘာမှာပေါ်ပေါက်ခဲ့တဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်ထက် များစွာ သာလွန်သွားပါပြီ။ အပြစ်မဲ့ ရဟန်းရှင်လူပေါင်း (၄၀၀၀)ဝန်းကျင်အထိ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အာဏာရူး NLD ဦးဆောင်သူတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှု သမိုင်းမော်ကွန်းကတော့ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး ပါပဲ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)