NLD အစွန်းရောက်တို့၏ အကြမ်းဖက်မှု မှတ်တမ်း (အပိုင်း-၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက်တို့၏ အကြမ်းဖက်မှု မှတ်တမ်း (အပိုင်း-၁)





မျက်မှောက်ကာလ ကြုံတွေ့ရတဲ့ နိုင်ငံရေးအကြမ်းဖက်မှု မှတ်တမ်းကို စုစည်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။ တပ်မတော် အာဏာထိန်းမှု ဖြစ်စဉ်ဟာ NLD ပါတီအနေနဲ့ မဲမသမာမှုဖြစ်စဉ်တွေကို ဖြေရှင်းခြင်း မရှိသောကြောင့် ထိန်းသိမ်းလိုက်ရတဲ့ အခြေအနေကို အကြိမ်ကြိမ် ရှင်းလင်းပြောဆိုခဲ့ပေမယ့်လည်း အများပြည်သူကြားမှာ နိုင်ငံရေးမှိုင်းတိုက်မှု၊ မီဒီယာအဆိပ်ခတ်မှုတွေနဲ့ အမှားကို အမှန်ထင်၊ ပြည်ပြေးတွေရဲ့ လုပ်ကြံဖန်တီး မှိုင်းတိုက်မှုတွေ အောက်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစုံနဲ့ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေကို လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။ 

မှတ်တမ်းကို ပြန်လည်ပြုစုတဲ့အခါ ၂၀၂၁ - ၂၀၂၂ NLD အစွန်းရောက်တို့၏ နိုင်ငံရေး အကြမ်းဖက်မှု အဖြစ် မှတ်တမ်းတင်ရမှာပဲ ဖြစ်ပါတယ်။ NLD ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ ပြည်သူများရဲ့ စစ်မှန်သော ရွေးချယ်မှုကို လက်မခံဘဲ အလွန်အကြူး မဲလိမ် မဲခိုး လုပ်ပြီး ရွေးကောက်ပွဲမှာ တောင်ပြို၊ ကမ်းပြို မဟုတ်တော့ဘဲ မိုးပြိုလောက်အောင် တခဲနက် ထောက်ခံမှု ရရှိခဲ့တယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အခြားသောပါတီအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မဲရုံတာဝန်ရှိသူများဟာ မဲမသမာမှု ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ ကြိုတင်မဲပေးနေစဉ်ကာလအတွင်းမှာပင် သတင်းစာရှင်းလင်းပွဲတွေ ကျင်းပပြီး ဖော်ထုတ်ခဲ့ကြပါတယ်။ UEC ကိုလည်း တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ မဲမသမာမှု ကျူးလွန်ခဲ့တာတွေကို ကိုယ်တိုင် တွေ့မြင်ခဲ့ကြတဲ့ ပြည်သူတွေကလည်း ဆန္ဒဖော်ထုတ် ကန့်ကွက်မှုတွေ လုပ်ဆောင်လာကြပါတယ်။

ဖြစ်ပေါ်လာတဲ့ အခြေခံအကြောင်းတရားများကြောင့် တပ်မတော်က မဲစာရင်းများစစ်ဆေးနိုင်ဖို့ UEC ကို ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ မိတ္တူကူးယူခွင့် တောင်းခံတဲ့အခါမှာ UEC က ကူးယူခွင့် မပြုခဲ့ပါဘူး။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကိုလည်း ညွှန်ကြားချက်မရဘဲ မည်သူ့ကိုမျှ ကူးယူခွင့်မပြုဖို့ ထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်အနေနဲ့ UEC ထံမှ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ကူးယူခွင့်မရတဲ့အခါမှာ ရွေးကောက်ခံကိုယ်စားလှယ်များထံ ဖြန့်ဝေထားတဲ့ မဲပေးခွင့်ရှိသူ အရေအတွက်နဲ့ မဲပေးသူအရေအတွက် ကွာဟချက်တွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ မဲစာရင်းတွင် ၂ကြိမ် ပါဝင်နေသူ၊ ၂ကြိမ်နဲ့အထက် ပါဝင်နေသူ၊ အသက် (၁၀၀)ကျော် များ မဲစာရင်းတွင် ပါဝင်နေမှု၊ အသက်(၁၈)နှစ် မပြည့်သေးသူများ မဲစာရင်းတွင် ပါဝင်နေမှုများကို အပြန်အလှန် စစ်ဆေးပြီး သတင်းစာရှင်းလင်းပွဲများ ကျင်းပကာ အများပြည်သူကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။

မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးမှုအရ မဲစာရင်း (၁၀)သန်းကျော် ကွာဟနေမှုကို ချပြနိုင်ခဲ့ပါတယ်။ NLD အနေနဲ့ မိုးပြိုအောင် အနိုင်ရခြင်း အကြောင်းအရင်းကို စိစစ်ဖော်ထုတ်ပြနိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများအရ တပ်မတော်က မဲစာရင်းစိစစ်ထုတ်ပြန်နေမှုအပေါ် NLD ကို ကျောထောက်နောက်ခံပြုပေးနေတဲ့ သံတမန်အချို့က တပ်မတော်အပေါ် ပြစ်တင်ပြောဆိုတဲ့ ထုတ်ပြန်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ သံတမန်အသိုင်းအဝိုင်းက အဲဒီလို အခြေအမြစ်မရှိတဲ့ ထုတ်ပြန်မှုတွေ လုပ်ဆောင်လာတဲ့အပေါ်မှာ ၃၁-၁-၂၀၂၂ ရက်နေ့က တပ်မတော်သဘောထားထုတ်ပြန်ချက် ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရှိ သံတမန်အချို့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် ယူဆချက် သက်သက်ဖြင့် ထုတ်ပြန်ခြင်းများမပြုလုပ်ကြရန် တပ်မတော်က တိုက်တွန်းကြောင်း၊ တကယ့်ဖြစ်ရပ်များကို သိရှိနားလည်ခြင်းမရှိဘဲဖြစ်သော်လည်းကောင်း၊ နိုင်ငံတကာနှင့် မီဒီယာများများ စစ်ဆေးကြည့်ရှုနိုင်ရန် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်တွင် တပ်မတော်က ခင်းကျင်းပြသသည့် အရေအတွက်၊ စာရင်းဇယားများကို စိစစ်မှုမရှိဘဲဖြင့်သော်လည်းကောင်း ပုံမှန်လုပ်ဆောင်နေကျအတိုင်းဟု သဘောထားကာ နိုင်ငံရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်လာမည့် အဆင့်များကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထောက်ခံမှုမပြုသင့်ကြောင်း ရေးသားထုန်ထားပါတယ်။ 

အဲဒီအချိန်က တပ်မတော်က စိစစ်တွေ့ရှိခဲ့ရတဲ့ မဲစာရင်းကွာဟမှုဟာ (၁၀.၅)သန်းဖြစ်ပါတယ်။ ယခု လက်ရှိ နစက အစိုးရအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို ဖွဲ့စည်းပြီး အသေးစိတ်ထုတ်ပြန်ရာမှာ (၁၁.၃)သန်းကျော်အထိ ကွာဟနေတာကို ချပြရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။

၂၆-၁-၂၀၂၁ ရက်နေ့က ကျင်းပတဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး စာရင်းဇယားများပြုစုကာ အားလုံးကြည့်ရှုစစ်ဆးနိုင်ရန် ထုတ်ဖော်ရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ဗိုလ်ချုပ်ဇော်မင်းထွန်း က ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲသမာမှု ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်လို့ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်သလို တပ်မတော် သတင်းမှန်ပြန်ကြားရေးရဲ့ နောက်ဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲပဲ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ NLD က တတိယအကြိမ် လွှတ်တော်ခေါ်ယူဖို့ လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ၂-၂-၂၀၂၁ ရက်နေ့မှာ တတိယအကြိမ် လွှတ်တော်စတင်ကျင်းပမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ မဲသမာမှုတွေနဲ့ ပတ်သက်လို့ မြို့နယ်စုံမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။ NLD အစိုးရ က ရဲအင်အားသုံးပြီး ဖမ်းဆီးနှိပ်စက်ကလူပြုမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်လဝါရီလ(၃၁)ရက်နေ့ ည (၁၂ ၀၀)နာရီ နောက်ပိုင်း မှာ  NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးဝင်းမြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တချို့ကို အရေးပေါ် ထိန်းသိမ်းလိုက်ရပါတယ်။ ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်ခင်းမှာ အားလုံးတိတ်ဆိတ် စွန့်အသွားခဲ့ကြပါတယ်။ မဲမသမာမှုကျူးလွန်မှုတွေအပေါ် ထိန်းသိမ်းပေးခဲ့တဲ့ တပ်မတော်ရဲ့ ဆောင်ရွက်ချက်ကို ကျေနပ်လက်ခံတဲ့ ပြည်သူများက တပ်မတော်ကို လှည့်လည်ထောက်ခံ အားပေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အဲဒီနေ့မှာပဲ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ” အစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ဆွေးနွေးတင်ပြချက်ထဲမှာ "တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ   “ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်စေရန် ”ကိုလည်းကောင်း၊ ပုဒ်မ ၆ (ဃ)နှင့်  ပုဒ်မ ၇ တို့အရ          “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး” ကိုလည်းကောင်း၊ ပုဒ်မ ၆ (စ)အရ “ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”ကိုလည်းကောင်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော မဲမသမာမှုဖြစ်နိုင်သည့်စာရင်း ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်း ကျော်)အား တာဝန်ရှိသူအဆင့်ဆင့်ကဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအား ခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀ (ဂ)နှင့် ပုဒ်မ ၄၁၇ ပါ “ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်း ” ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါတယ်။

အဲဒီနေ့အစည်းအဝေးမှာ  နိုင်ငံတော်ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အား သုံးသပ်ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈ ခုနှစ် ) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(က)အရ နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်ကြောင်းဖြင့် ပြောကြားခဲ့ပါတယ်။

အထပ်ပါအကြောင်းတရားများကတော့ NLD ဦးဆောင်သူများအနေနဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မဲလိမ် မဲခိုးပြီး အဓမ္မနည်းလမ်းနဲ့ ရယူဖို့ ကြိုးစားခြင်းဟာ မအောင်မြင်ဘဲ တပ်မတော်က ထိန်းသိမ်းခဲ့ရတဲ့ အခြေအနေကို ရောက်ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ NLD ဦးဆောင်သူများအနေနဲ့ CRPH, NUG ဆိုတဲ့ အဖွဲ့အစည်းတွေ ယှဉ်ပြိုင်ဖွဲ့စည်းဖို့ ဖြစ်ပေါ်လာတဲ့ အကြောင်းတရားများ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများနဲ့အတူ မိမိတို့ကို ယုံကြည်ထောက်ခံတဲ့ ပြည်သူများ၊ လူငယ်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ဖို့ ဖြစ်ပေါ်လာခဲ့တဲ့ အကြောင်းတရားများကို ဦးစွာပထမ တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး NLD ဦးဆောင်သူများရဲ့ လှုံ့ဆော်မှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို ထောက်ခံသူများရဲ့ ရက်စက်ယုတ်မာမှု၊ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ရဟန်းရှင်လူပြည်သူများ၊ ဆရာ/ဆရာမများ လုပ်ကြံသတ်ဖြတ်ခံရမှု မှတ်တမ်းများကို ဖော်ပြပေးသွားပါမည်။


(ဆက်လက်ဖော်ပြပါမည်။)

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)