မဲသမာမှုများကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာလွှဲပြောင်းရယူရခြင်းဖြစ်ကြောင်း၊ ၂၆-၁-၂၀၂၁ ရက်နေ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ၏ နောက်ဆုံးသတင်းစာရှင်းလင်းပွဲတွင် မဲစာရင်း စိစစ်တွေ့ရှိချက်များကို သတင်းမီဒီယာများရှေ့မှောက်တွင် ချပြပေးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် နိုင်ငံတော် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်ယာယီသမ္မတက တာဝန်များ လွှဲအပ်ပေးခဲ့ကြောင်း ရေးသားပြဆိုခဲ့ပြီးဖြစ်ပါတယ်။
မဲလိမ် မဲခိုးမှု ကျူးလွန်ပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ကြိုးစားခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားများပဲ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့သလို "ပြည်သူများသို့ အသိပေးတင်ပြချက်" ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာတော့ မြန်မာ့တပ်မတော်သည် ပြည်သူနှင့် ပတ်သက်လာလျှင် "ပြည်သူသာအမိ၊ ပြည်သူသာ အဖ ဟူသော ဆောင်ပုဒ်ကို ခေတ်အဆက်ဆက် ဦးထိပ်ထားဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူတို့ လိုလားတောင်းဆိုသော "ပါတီစုံဒီမိုကရေစီစနစ်ကို ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခြင်းနည်းလမ်းတည်း ဟူသော နိုင်ငံရေးယဉ်ကျေးမှုများဖြင့် တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ကြောင်း အစချီပြီး ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ပေါ်ပေါက်ခဲ့တဲ့ ပြဿနာတွေကိုလည်း ပြန်လည်သုံးသပ်ပြဆိုထားပါတယ်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ခဲ့သော မဲစာရင်းများအပေါ် စိစစ်ချက်များအရ မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်းကျော်) ရှိခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့် ရှိသူဦးရေ ၃၈ သန်း ရှိပြီး ၎င်းအနက် ၁၀သန်းကျော် မဲမသမာမှုဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိချက်မှာ မဲပေးပိုင်ခွင့်ရှိသူ လူပမာဏ၏ လေးပုံတစ်ပုံကျော် (၂၅ရာခိုင်နှုန်းကျော်) မဲမသမာမှုဖြစ်နိုင်နေဖြင်း ဖြစ်ကြောင်း၊ ၎င်းကိစ္စသည် သာမန်မှားယွင်းမှု၊ သာမန်အငြင်းပွားနိုင်မှု မဟုတ်ကြောင်း ပြည်သူတစ်ရပ်လုံး တွေ့မြင်နိုင်ပါကြောင်း၊ ထိုသို့တွေ့မြင်နိုင်အောင်လည်း တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာစွာ စိစစ်တွေ့ရှိချက်စာရင်းဇယားများ ထုတ်ပြန်ခြင်း (၃၀)ကြိမ်၊ သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းအား ရွေးကောက်ပွဲမတိုင်မီ ၂ကြိမ်၊ ရွေးကောက်ပွဲပြီး ၄ကြိမ် တရားဝင် ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်တွင်း ပြည်ပ ၅၀ကျော်ရှေ့တွင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြခဲ့ပြီးဖြစ်ကြောင်း ပြန်လည်ညွှန်းဆို ထုတ်ပြန်ထားပါတယ်။
သို့ပေသော်လည်း NLD ဝန်းရံတဲ့ ယနေ့အချိန်မှာ ပြည်ဖျက်မီဒီယာများအဖြစ် ရပ်တည်နေကြတဲ့ မီဒီယာများကတော့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ NLD ရဲ့ မဲမသာမှုကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို အများပြည်သူကြားချပြခြင်း မရှိဘဲ တပ်မတော်က တစ်ဖက်သတ်စွပ်စွဲနေသယောင် NLD ဦးဆောင်သူများ၊ ဝန်းရံသူမားရဲ့ တုန့်ပြန်သံတွေကိုသာ ကျယ်လောင်စေခဲ့ပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့ကစပြီး တပ်မတော်ကို သုံးစွဲတဲ့ သူတို့ရဲ့ အသုံးအနှုန်းဟာလည်း ပြောင်းလဲသွားခဲ့ပါပြီ။ အာဏာသိမ်းစစ်တပ်လို့ သုံးစွဲပြီး ရေးသားဖော်ပြမှုတွေ လုပ်ဆောင်လာကြပြီဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ထိန်းသိမ်းခံရတဲ့ NLD ဦးဆောင်သူတွေရဲ့ သတင်းတွေကိုသာ ဝေဝေဆာဆာဖော်ပြပြီး စတင်လှုံ့ဆော်လာကြပြီပဲ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်တဲ့ တပ်မတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် ဖွဲ့စည်းရာမှာ တပ်မတော်အရာရှိများချည်းသာ မဟုတ်ဘဲ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကိုပါ အပြုသဘောဆန်ဆန် ပူးပေါင်းပြီး ဖွဲ့စည်းခဲ့ပါတယ်။ အများပြည်သူတို့ရဲ့ လိုလားချက်ဖြစ်တဲ့ တိုင်းရင်းသားပေါင်းစုံဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရပုံစံကျအောင် ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ ယူဆရပါတယ်။ တချိန်တည်းမှာပဲ ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူ တွေ့ဆုံပြီး ရှင်းလင်းပြောဆိုမှုတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းများကို ဆန်၊ ဆီ ထောက်ပံ့လှူတန်းမှုတွေကို လုပ်ဆောင်နေသလို ကိုဗစ်ကာလဖြစ်တဲ့ အတွက် အခြေခံလူတန်းစားတွေကို ဆန်၊ ဆီ ထောက်ပံ့ကူညီမှုတွေကိုလည်း နယ်မြေအလိုက် ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
တပ်မတော်က ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တိုင်းပြည်အာဏာကို ထိန်းသိမ်းခဲ့ပြီး ၃ရက်နေ့အထိ NLD ဦးဆောင်သူတွေ မလှုပ်ကြသေးပါဘူး။ ၄-၂၀၂၀၂၁ ရက်နေ့မှာတော့ ရန်ကုန်မြို့ပေါ်မှာ NLD ဦးဆောင်သူတွေရဲ့ လှုံ့ဆော်မှုနဲ့အတူ ဆန္ဒပြပွဲတွေ စတင်လှုပ်ရှားလာပါပြီ။ ဆန္ဒပြသူတွေကိုလည်း ရဲတပ်ဖွဲ့ဝင်များက အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ဒီမိုကရေစီအခွင့်အရေးအရ အေးချမ်းစွာ ဆန္ဒပြခွင့်ပြုခဲ့ပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးအရ ဆောင်ရွက်ပေးမှုတွေကို တွေ့မြင်ခဲ့ရပါတယ်။
သို့ပေသော် အာဏာရမ္မက်ထနေတဲ့ NLD ဦးဆောင်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြရုံအဆင့်နဲ့ ရပ်တန့်မသွားပါဘူး။ ရက်ပိုင်းအတွင်းမှာကိုပဲ တပ်မတော်ဆန့်ကျင်ရေး ဆောင်ပုဒ်အမျိုးမျိုးဖန်တီးလာကြပါတယ်။ တပ်မတော် ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ စတစ်ကာတွေ ထွက်လာပါတယ်။ ကျွန်တော်လည်း သတင်းသမားတစ်ယောက်ဖြစ်တဲ့အတွက် NLD ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေကို ရသမျှ လိုက်လံ မှတ်တမ်းရယူခဲ့ပါတယ်။ တစ်နေ့မှာတော့ ရန်ကုန်မြို့ မြန်မာစင်တာရှေ့ကနေ ဗဟန်းအထိ ဆန္ဒပြသူတွေရဲ့ လှုပ်ရှားမှုကို လိုက်လံမှတ်တမ်းရယူရင်း လမ်းဘေးဝဲယာ ခြံစည်းရိုးတွေမှာ တပ်မတော်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ စတစ်ကာတွေ ကပ်ထားတာကို တွေ့မြင်ရပါတယ်။ ဒီကောင်တွေ လုပ်ချက်တွေ မြန်လှချည်းလားလို့ တွေးမိပါတယ်။
တပ်မတော်အစိုးရက ဒီမိုကရေစီအခွင့်အရေးရ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုထားတာကို အခွင့်ကောင်းယူပြီး တစ်ဖက်က အာဏာရမ္မက်ထနေသူတွေက အရှိန်အဟုန်မြှင့်တင်လာကြပါတယ်။ လှည်းတန်း၊ ဆူးလေ၊ မြန်မာစင်တာရှေ့တွေမှာ လူစုလူဝေးလုပ်ကြပါတယ်။ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ ဘက်က လူတွေကို NLD ဦးဆောင်သူတွေက ကားတွေနဲ့ ပို့ဆောင်ပေးပြီး အရှိန်အဟုန်မြှင့်တင်လာခြင်း ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ပြည်ပအထောက်အပံ့ရ NGO အဖွဲ့များက ကြွေးကြော်သံဆောင်ပုဒ်တွေ စနစ်တကျ တိုင်ပေးပြီး စည်ကားသိုက်မြိုက် အောင် လုပ်ဆောင်လာကြပါတယ်။ အလားတူပဲ တိုင်းနဲ့ပြည်နယ်အသီးသီးရှိ မြို့နယ်များမှာလည်း NLD ဦးဆောင်သူတွေရဲ့ လှုံ့ဆော်မှုနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာပါတော့တယ်။
တချိန်တည်းမှာပဲ တပ်မတော်ထောက်ခံသူတွေကလည်း ငြိမ်းချမ်းစွာ စုဝေးထောက်ခံပွဲတွေ မြို့နယ်အသီးသီးမှာ လုပ်ဆောင်ခဲ့ကြပါတယ်။ NLD တွေရဲ့ ဆန္ဒပြမှုနဲ့ တပ်မတော်ထောက်ခံသူတွေရဲ့ ဆန္ဒပြမှုက ပုံသဏ္ဍန်မတူပါဘူး။ တပ်မတော် ထောက်ခံသူတွေက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ ဆန္ဒပြ ထောက်ခံခြင်းဖြစ်ပြီး အာဏာရမ္မက်ထနေတဲ့ NLD ဦးဆောင်သူတွေရဲ့ ဆန္ဒပြမှုတွေက မောင်နှင့်နှမ၊ သားနှင့် အမိ မကြားဝံ့မနာသာ၊ လူငယ်တွေကို ရိုင်းစိုင်းတဲ့ ကြွေးကြော်သံတွေ သွေးကြွအောင် လုပ်နေကြတာကို အထင်အရှားမြင်လာရပါတယ်။ နေ့ခင်းပိုင်း ဥပဒေမဲ့ ဆန္ဒပြမှုတွေ လုပ်သလို ညဘက်တွေမှာလည်း အများပြည်သူ သက်ကြီးရွယ်အို၊ ကလေးငယ်တွေကို မှ အားမနာ NLD ထောက်ခံသူတွေက သံပုံးတီး ဆူပူပြီး ဆန္ဒပြမှု လုပ်ကြပါသေးတယ်။
ဒါတွေကတော့ မဲလိမ် မဲခိုး မဲသမာမှုတွေကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရတဲ့ NLD ဦးဆောင်သူများ ဆူပူအကြမ်းဖက်မှုများရဲ့ နိဒါန်းပဲ ဖြစ်ပါတော့တယ်။
(ဆက်လက်ရေးသားဖော်ပြပါမည်။)
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment