NLD အစွန်းရောက်တို့၏ အကြမ်းဖက်မှု မှတ်တမ်း (အပိုင်း-၃) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက်တို့၏ အကြမ်းဖက်မှု မှတ်တမ်း (အပိုင်း-၃)







NLD ပါတီအနေနဲ့ မဲလိမ် မဲခိုး မဲသမာမှုတွေကျူးလွန်ခဲ့ခြင်းကြောင့် တပ်မတော်အနေနဲ့ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ထိန်းသိမ်းဆောင်ရွက်ခဲ့ရတဲ့အခြေအနေ မဲမသာမှု ကျူးလွန်ခဲ့တဲ့ စာရင်းဇယားတွေကို သတင်းမီဒီယာများရှေ့မှောက်မှာ အသေးစိတ်ချပြသခဲ့သလို ထုတ်ပြန်ချက်တွေ အကြိမ်ကြိမ် ထုတ်ပြန်ပြီးတော့လည်း အသိပေးခဲ့ပါတယ်။

သို့ပေသော် အာဏာရမ္မက်ထနေတဲ့ NLD ဦးဆောင်သူများဟာ မိမိတို့ရဲ့ မဲလိမ် မဲခိုးမှုတွေကို ဖုံးကွယ်ထားပြီး တပ်မတော်ကပဲ လုပ်ကြံဖန်တီးပြီး ပြောဆိုနေသယောင် သူတို့ရဲ့ ဝါဒဖြန့် ပြည်ဖျက်မီဒီယာအင်အားနဲ့ အရှိန်အဟုန်မြှင့် လှုံ့ဆော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ပြည်သူတွေကို တစ်ဖက်ပိတ်ဖြစ်အောင် တရားဝင် ထုတ်ပြန်ချက်တွေကို မယုံကြည်ကြဖို့ MRTV, MWD က ထုတ်ပြန်ပြောဆိုနေတာတွေကို မယုံကြည်ကြဖို့ လှုံ့ဆော်မှုတွေပါ ဆက်တိုက်လုပ်ဆောင်လာပါတယ်။ NLD ဦးဆောင်သူတွေအနေနဲ့ နိုင်ငံတော်အစိုးရအာဏာကို ရတဲ့အချိန်က နိုင်ငံဘဏ္ဍာငွေတွေကို အသုံးပြုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ NLD အစိုးရအပေါ် ဝေဖန်ပြောဆိုမှုတွေ၊ အမျိုးသားရေးလှုပ်ရှားမှုတွေကို စနစ်တကျ ချိုးနှိမ်ပယ်ဖျက်ခွင့် ရခဲ့ပါတယ်။ 

တပ်မတော်က နိုင်ငံတော် အာဏာကို ထိန်းသိမ်းလိုက်သည့်တိုင်အောင် နိုင်ငံတော်ဘဏ္ဍာငွေကို အသုံးချပြီး ထိန်းချုပ်ခဲ့တဲ့ facebook လူမှုကွန်ရက်ကို ဆက်လက်အသုံးပြုခွင့် ရနေခဲ့ပါတယ်။ မြန်မာနိုင်ငံသား အများစု အသုံးပြုတဲ့ facebook မှာ သတင်းမှန်များ ဖော်ပြမှုကို လုံးဝလက်မခံတော့ပါဘူး။ သူတို့ရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုကိုသာ ကျယ်ပြန့်စေခဲ့ပါတယ်။ သူတို့ကို ထောက်ခံရင်းစွဲ ရှိတဲ့ ပြည်သူတွေမှာ အမှား၊ အမှန်ကို ချိန်ထိုးစဉ်းစားနိုင်တဲ့ အခြေအနေမျိုး မရှိတော့ဘဲ တစ်ဖက်သတ် လှုံ့ဆော်မှုတွေနဲ့အတူ ဆူပူအကြမ်းဖက်မှုတွေနောက်မှာ ပါဝင်လာကြပါတယ်။

၄-၂-၂၀၂၂ ရက်နေ့ကစပြီး လမ်းပေါ်ထွက် ဆူပူခွင့်ရခဲ့တာကို အခွင့်ကောင်းယူပြီး အရှိန်တိုးမြှင့် လာပါတယ်။ ဆူပူဆန္ဒပြမှုတွေ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ပေါ်ပေါက်လာခဲ့ပါတယ်။ ညဘက်မှာဆိုရင် သံပုံးတီး၊ နေ့ဘက်မှာဆိုရင် ဆန္ဒပြသလို တပ်မတော်ထုတ်ကုန်တွေကို မသုံးစွဲဘဲ ဆန့်ကျင်ဖို့ လှုံ့ဆော်မှုအပါအဝင် အစိုးရ ယန္တရားပျက်ပြားစေရန် ရည်ရွယ်တဲ့ CDM လှုံ့ဆော်မှုတွေလည်း စတင်လာခဲ့ပါတယ်။

NLD ဦးဆောင်သူတွေရဲ့ လှုံ့ဆော်မှုနဲ့အတူ ဆန္ဒပြမှုတွေဟာ တိုင်းနဲ့ ပြည်နယ်အနှံ့ အရှိန်အဟုန် မြင့်တက်လာပါတယ်။ လုံခြုံရေးတာဝန်ယူဆောင်ရွက်ပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရန်ပြုစော်ကား တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်လာကြပါတော့တယ်။ 


၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာတော့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးချိုရပ်ကွက်၊ မော်လမြိုင်တက္ကသိုလ်ရှေ့၌ ညိုမင်း(ဘ)ဦးဌေးဝင်း နှင့် ထွန်းငြိမ်းဦး(ဘ)ဦးထွန်းလွင် တို့ ၂ ဦး ဦးဆောင်သော ဆူပူဆန္ဒပြသူ ကျောင်းသား၊ ဒေသခံများပါဝင်သည့် အင်အား ၂၀၀ ဦးခန့် သည် မော်လမြိုင်တက္ကသိုလ်မှ မြို့တွင်းသို့ တရားဥပဒေမဲ့ ဆူပူဆန္ဒပြချီတက်လျက်ရှိသဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကြေညာထားရှိကြောင်းနှင့် လူစုခွဲရန် လက်ကိုင်အသံချဲ့စက် များဖြင့် သတိပေးပြောကြားစဉ် ဆူပူဆန္ဒပြသူများက ခဲများ၊ ရေသန့်ဗူးများဖြင့် စတင်ပစ်ပေါက်ပြီး ဥပဒေနှင့်ဆန့်ကျင်သည့် အပြုအမူများ ပြုလုပ်လာခဲ့ပါတယ်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် မေတ္တာရပ်ခံပြောဆိုခဲ့သော်လည်း လူစုခွဲခြင်းမရှိဘဲ ဆူပူဆန္ဒပြသူများက ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းတို့ကို လုပ်ဆောင်လာခဲ့ သောကြောင့် နံနက် ၁၀ နာရီခွဲခန့်တွင် ဦးဆောင်သူ ညိုမင်း၊ ထွန်းငြိမ်းဦး တို့အပါအဝင် ဆူပူဆန္ဒပြသူ ၄ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဖမ်းဆီးတယ်ဆိုလို့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာတော့ မဟုတ်ပါဘူး။  ၎င်းတို့ ၄ ဦးအား ခံဝန်ကတိဖြင့် ပြန်လည်စေလွှတ်ဖို့အတွက် မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန် ရှိသူတို့မှ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါတယ်။ ထိုကဲ့သို့ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သော်လည်း ဆူပူဆန္ဒပြသူများက လူစုခွဲခြင်းမရှိဘဲ လေးခွများ၊ ကျောက်ခဲ၊ အုတ်ခဲများ၊ တုတ်များဖြင့် ပစ်ပေါက်ခြင်း စသည့်အကြမ်းဖက် လှုပ်ရှားမှုများဆက်လက် လုပ်ဆောင်ခဲ့ကြပါတယ်။

အကြမ်းဖက်လှုပ်ရှားသူတွေဘက်က တစ်ဖက်ပိတ်ဖြစ်နေသလို သွေးကြွနေတာ ဖြစ်တဲ့အတွက် အကြမ်းဖက်လှုပ်ရှားမှုများ ရပ်တန့်သွားစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရာဘာကျည်ထိုးထားသော သေနတ်ဖြင့် ၁၀ ချက်ခန့်ခြောက်လှန့် ပစ်ခတ်ခဲ့ ရပါတယ်။ လူစုခွဲခြင်းမရှိဘဲ ဥပဒေမဲ့အကြမ်းဖက် လုပ်ရပ်များအား ဆိုးရွားစွာ ဆက်လက်လုပ်ဆောင်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရှောင်ပြေးခဲ့ရပါတယ်။


NLD ထောက်ခံသူ အကြမ်းဖက်ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်များ၊ ရဲအသုံးအဆောင် ပစ္စည်းများ ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။


၁၄၄ ထုတ်ပြန်ပြီး အချိန်မှာ ဆူပူဆန္ဒပြမှုတွေကို ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့တဲ့ အခြေအနေမှာတောင် နိုင်ငံရေးမှိုင်းမိပြီး သွေးကြွနေတဲ့ လူငယ်တွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။


(ဆက်လက်ရေးသားဖော်ပြပါမည်။)

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)