စစ်ရာဇဝတ်မှု မြောက်သော NLD အစွန်းရောက်တို့၏ အကြမ်းဖက်လုပ်ရပ်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ရာဇဝတ်မှု မြောက်သော NLD အစွန်းရောက်တို့၏ အကြမ်းဖက်လုပ်ရပ်များ



တိုင်းပြည်ရဲ့ အခြေအနေဟာ ဘာကြောင့်နိမ့်ပါးနေရတာလဲဆိုတာကို အဖြေရှာကြည့်တယ်။ အဖြေတွေ့ပါတယ်။ ဘာကြောင့် တိုင်းပြည် ဆင်းရဲတွင်းနက်နေရသလဲ ဆိုတဲ့ အဖြေကတော့ တိုင်းပြည်မှာ တိုင်းပြု ပြည်ပြု လုပ်ချင်တဲ့သူကနည်းပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ချင်တဲ့ သူက ပိုများတာကို တွေ့ရပါလိမ့်မယ်။ တိုင်းပြည် မတိုးတက်ဘူး။ ဆင်းရဲတွင်း နက်နေတယ်လို့ ပြောရင် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေသူတွေက တိုင်းပြု ပြည်ပြု လုပ်နေတဲ့သူတွေကို ပြစ်တယ်ပြောဆိုကြသေးတယ်။ သူတို့ကိုယ်တိုင်ကတော့ဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှာကို မလိုလားဘူး။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြတယ်။ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝမှာ ပျော်ရွှင်အေးချမ်းမှု ကင်းမဲ့အောင် ခြောက်လှန့်နေကြတယ်။

အဲဒီလို တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေကို အားပေးထောက်ခံနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ လေသံကလည်း သူတို့ကို ဦးဆောင်သူတွေရဲ့ လေသံနဲ့ တစ်ထပ်တည်းပါပဲ။ စစ်ရာဇဝတ်မြောက်တဲ့ လုပ်ရပ်တွေကို သူတို့ကိုယ်တိုင် ကျူးလွန်ခဲ့ကြတယ်။ သူတို့ရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်း ရမ်းကားတဲ့ လုပ်ရပ်တွေကို ကာကွယ်တားဆီးဖို့ တာဝန်ရှိသူတွေက ကာကွယ် တားဆီး နှိမ်နင်းပြီဆိုတဲ့အခါကြတော့ တပ်မတော်ကပဲ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသယောင် လိမ်ညာဖန်တီး ထုတ်ပြန်ပြောဆိုလာကြပြန်ပါတယ်။

တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်မယ့်အဖွဲ့အစည်းကတော့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အလုပ်ပဲ လုပ်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့နောက်မှာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်လုပ်ဖို့ ကူညီပံ့ပိုးပေးမယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတွေကလည်း များစွာ ရှိနေပါတယ်။

ဒီအပေါ်မှာ ပြည်သူများကို သတိပြုနားလည်စေချင်တာပဲ ဖြစ်ပါတယ်။ ဒီလူတွေ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေ ဘာကြောင့် ကျူးလွန်ခွင့်ရနေသလဲ။ ပြည်သူများက အမှား/ အမှန်ကို မသုံးသပ်ဘဲ ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်ပြီး အားပေးထောက်ခံနေကြတာကို ခုတုန်းလုပ်ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေ လုပ်ခွင့်ရနေကြခြင်း ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ နိုင်ငံရေးသမားဆိုသူတွေရဲ့ ပြောဆိုမှု၊ လုပ်ကိုင်ဆောင်ရွက်မှုတွေကို မှန်ကန်စွာ သုံးသပ်နိုင်မယ်ဆိုရင် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေတာ ဘယ်သူတွေလဲဆိုတာကို ရှင်းလင်းစွာ သိမြင်ပါလိမ့်မယ်။ နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ တည်ငြိမ်အေးချမ်း ပျော်ရွှင်မှု ပျက်ပြားအောင် လုပ်ဆောင်ရတဲ့ အလုပ်လား။ နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရတဲ့ အလုပ်လား ဆိုတာကိုမှ ပြည်သူတွေက ခွဲခြားနားလည်ခြင်း မရှိဘူးဆိုရင်တော့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေဟာ ပြည်သူကို ခုတုံးလုပ်ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို ကျူးလွန်နေကြအုံးမှာပဲ ဖြစ်ပါတယ်။

တပ်မတော်က တိုင်းပြည်အာဏာအရပ်ရပ်ကို လွှဲပြောင်းထိန်းသိမ်းခဲ့တဲ့ ကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့က စပြီး ယနေ့အချိန်အထိ အခြေအနေကို ပြန်လည်သုံးသပ်ကြည့်ကြပါအုံး။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်အရ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးပမ်းလာတဲ့အတွက်ကြောင့် ထိန်းသိမ်းခဲ့ရတဲ့ အခြေအနေဖြစ်တယ်။

NLD ပါတီအနေနဲ့ မဲလိမ် မဲခိုးမှုတွေ မကျူးလွန်ခဲ့ဖူးဆိုရင် နိုင်ငံရေးပါတီများက ဖြေရှင်ဖို့ တိုက်တွန်းနေတဲ့အချိန်၊ တပ်မတော်က ဖြေရှင်းဖို့ တိုက်တွန်းခဲ့တာ တစ်ကြိမ်တည်း မဟုတ်ပါဘူး။ အကြိမ်ကြိမ် တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ဖြေရှင်းဖို့ လုံလောက်တဲ့ အချိန်လည်း ရခဲ့ပါတယ်။ ဖြေရှင်းခြင်း မရှိခဲ့တာ ဘာကြောင့်လဲ ဆိုတာကို အဖြေထုတ်ကြည့်ရင်လည်း မဲမသမာမှုတွေကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကျူးလွန်ခဲ့ခြင်း ဖြစ်တဲ့အတွက်ကြောင့် မဖြေရှင်းဘဲ အာဏာသက်တမ်းတိုးဖို့ ကြိုးစားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ငါတို့လက်ထဲမှာ အာဏာရှိတယ်။ ငါတို့လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ အာဏာရမ္မက်ကြောင့် လမ်းဘေးရောက်ခဲ့ရခြင်း ဖြစ်ပါတယ်။

ဘယ်လောက်အထိ အာဏာရမ္မက်ထနေကြသလဲဆိုတာကို အာဏာလက်မဲ့ ဖြစ်သွားချိန်မှာ ပိုပြီး သိသာထင်ရှားစွာ ပြလာခဲ့ပါတယ်။ သူတို့နဲ့ တသားတည်း ရပ်တည်တဲ့ ပြည်ဖျက်မီဒီယာတွေကနေပြီး တပ်မတော်က အာဏာလုယူသယောင်၊ သူတို့ကပဲ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့သလိုလို လုပ်ကြံဖန်တီး ပြောဆိုပြီး ပြည်သူတွေကို သွေးကြွအောင် လှုံ့ဆော်ခဲ့ကြပါတယ်။ အထူးသဖြင့်တော့ လူငယ်ထုရဲ့ သွေးကြွအောင်လှုံ့ဆော်ပြီး တိုင်းဖျက်ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို နည်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။

NLD ကို ထောက်ခံတဲ့ ပြည်သူတွေအနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းတဲ့အခြေအနေမျိုးကို မလိုလားကြဘူးလား။ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေစေချင်တာလား။ ကျွန်တော့်အမြင်ကတော့ NLD ကို ထောက်ခံတဲ့ ပြည်သူဖြစ်စေ၊ အခြားသော ပါတီအဖွဲ့အစည်းတွေကို ထောက်ခံတဲ့ ပြည်သူတွေဖြစ်စေ တည်ငြိမ်အေးချမ်းမှုကိုသာ လိုလားကြလိမ့်မယ်လို့ ထင်ပါတယ်။

သို့ပေသော် NLD ဦးဆောင်သူများဖွဲ့စည်းထားတဲ့ CRPH, NUG, PDF နဲ့ သူတို့ရဲ့ လက်တွဲဖော် ပြည်ဖျက်မီဒီယာတွေမှာ ရေးသားဖော်ပြနေမှုတွေကို ကြည့်လိုက်ပါ။ သူတို့လိုလားချက်ကို မရောက်တဲ့အခါကြတော့ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝတွေ ပုံမှန် ပြန်ဖြစ်သွားမှာကို အရမ်းကြောက်ရွံ့နေကြတယ်။

မြန်မာလူမျိုးတို့ရဲ့ အစဉ်အလာရ မိုးတွင်းကာလ စိုက်ကြပျိုးကြတယ်။ ပွင့်လင်းရာသီရောက်လာတဲ့အခါမှာ ဘုရားဖူးသွားကြမယ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင် ဘာသာရေးအခမ်းအနားတွေ လုပ်ကြမယ်။ ဒီလိုအခမ်းအနားတွေအပေါ်မှာ နိုင်ငံရေးအမြတ်ထုတ်ချင်တာဆိုရင် ပြည်သူတွေ ပျော်ပွဲရွှင်ပွဲများမှာ ပါဝင်ဆင်နွှဲနိုင်စေရန် တော်လှန်ရေးလှုပ်ရှားမှုများကို ယာယီဆိုင်းငံ့ထားပါသည်လို့တော်င ထုတ်ပြန်ကြေညာပေးရအုံးမယ်။ တခြားသောဘာသာဝင်တွေရဲ့ ဘာသာရေးအခမ်းအနားတွေလည်း လုပ်ဆောင်နေကြတာပဲ။ CRPH, NUG, PDF အနေနဲ့ ဘာမှ တိုက်ခိုက်တာ၊ ဖောက်ခွဲဖျက်ဆီးတာ မတွေ့ရပါဘူး။ မြန်မာနိုင်ငံကြီးကို အုပ်စိုးချင်သူတွေက မြန်မာတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာတွေကိုမှ ဘာကြောင့် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးချင်နေကြတာလဲ။

ရက်စက် ယုတ်မာ ဆိုးသွမ်းလွန်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေ ဖြစ်မနေပေဘူးလား။ ပြည်သူတွေ စဉ်းစားကြည့်စေချင်ပါတယ်။ 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း NLD ဦးဆောင်သူများ ဖွဲ့စည်းထားသော CRPH, NUG, PDF နဲ့ KIA, KNU, KNLA, KKO အစရှိသော အကြမ်းဖက်အဖွဲ့များက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှတ်တမ်းဟာ ပြင်းထန်ဆိုးရွားလွန်းလှပါတယ်။

-၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့က  မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ကျောင်းဆောင်ရှိ ပြူတင်းပေါက်တံခါးများ ပျက်စီးကာ ကျောင်းအဆောက်အဦများ၌ လက်နက်ကြီး/လက်နက်ငယ် ကျည်များ ထိမှန်ပျက်စီးခဲ့ရပါတယ်။

အောက်တိုဘာ - ၁ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ၏ အရှေ့ဘက်(၅)မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ နေထိုင်လျက်ရှိသော မိသားစုအား စက်တင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက် သမားများက အကြောင်းမဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် (၅)နှစ်ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း 

-၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်အတွင်း   PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

-၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ CRPH, NUG, PDF နဲ့ KNLA တပ်မဟာ (၁) ရဲ့ ဆိုးသွမ်းရက်စက် ယုတ်မာလွန်းတဲ အပစ်မဲ့ ပြည်သူများအပေါ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား ယနေ့နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက် မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

-၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား ယနေ့နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက် မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

-၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ သစ္စာရွှေဂူဘုန်းကြီး ကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ခန်းနေဆရာတော် ဥူးကောဏ္ဍည သက်တော်(၅၀)နှစ် ဝါတော်(၂၀)ဝါ သည် ဆားတောင်မြို့ပေါ်ရပ်ကွက်များသို့ ဆွမ်းခံရန်အတွက် ဘုန်းကြီးကျောင်းပိုင် ယာဉ်အမှတ်(စိစစ်ဆဲ) Hijet အဖြူရောင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဘုန်းကြီးကျောင်းရှေ့လမ်းပေါ် အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ကာ ဦးခေါင်းအား ဖြတ်၍ အဆိုပါကျောင်းရှေ့ လမ်းမပေါ်တွင် ထားခဲ့ပြီး Hijet အဖြူရောင်ယာဉ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ပါတယ်။

-၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ ချင်းပြည်နယ်၊ တီးတိန်မြို့မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ယနေ့ညနေ ၃ နာရီခန့်တွင် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမား များက လက်လုပ်မိုင်း ၅ လုံးဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ မော်တော်ယာဉ် လေကာမှန်များ မိုင်းစထိမှန်ပျက်စီး ခဲ့ပါတယ်။

-၂၀၂၂ ခုနစ်၊ အောက်တိုဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ပခုက္ကူမြို့၊ အမှတ် (၁၂) ရပ်ကွက်၊ မဟာဝိသုတာရာမ (အလယ်တိုက်)ရှိ သာသနာ့ဝံသကျောင်းမှ ဥူးပညာဇောတ၊ သက်တော် ၃၄ နှစ်၊ ဝါတော် ၁၄ ဝါ၊ (ဘ)ဦးစံမြင့်၊ ဥူးနန္ဒာစရိယ၊ သက်တော် ၃၃ နှစ်၊ ဝါတော် ၁၃ ဝါ၊ (ဘ)ဦးပြုံး၊ ဥူးဣန္ဒြာစရိယ၊ သက်တော် ၃၃ နှစ်၊ ဝါတော် ၁၃ ဝါ၊(ဘ)ဦးအောင်လွင်၊ ဥူးဝိစာရ၊ သက်တော် ၃၂ နှစ်၊ ဝါတော် ၁၂ ဝါ၊ (ဘ)ဦးမောင်ငွေတို့ ပါဝင်သည့် သံဃာတော် ၄ ပါးသည် ယာဉ်အမှတ်၊ MDY-RLG-1472 အမျိုးအစား NISSAN အနက်ရောင်ယာဉ်ဖြင့် ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာရှိ ဥူးပညာဇောတ၏ နေအိမ်သို့ အလည်သွားရောက်ရန် ဥူးပညာဇောတ မောင်းနှင်ပြီး ပခုက္ကူမြို့မှတစ်ဆင့် ပခုက္ကူ-ဆိပ်ဖြူသွားကားလမ်းအတိုင်း သွားရောက်စဉ် ညောင်လှ ကျေးရွာအဝင် မီတာ ၅၀ ခန့်ကွာအရောက်၌ လမ်း၏ယာဘက် ၅ ပေခန့်အကွာမှ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဥူးပညာဇောတတွင် ဝဲပုခုံးမိုင်းစ ထိမှန် ဒဏ်ရာ၊ ယာပေါင် မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဥူးနန္ဒာစရိယတွင် ဦးခေါင်းဝဲဘက်ခြမ်း မိုင်းစထိမှန်ဒဏ်ရာ၊ ယာပုခုံးမိုင်းစထိမှန်ဒဏ်ရ(စိုးရိမ်ရ)၊ ဥူးဣန္ဒြာစရိယတွင် ယာပုခုံး/ ယာလက်မောင်း မိုင်းစထိမှန်ဒဏ်ရာ၊ ဝဲလက်ဖမိုး မိုင်းစထိမှန်ဒဏ်ရာခဲ့ပါတယ်။

-၂၀၂၂ ခုနစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဗဟိုအကျဉ်းထောင်၏ ဝင်/ထွက်ဂိတ်ပေါက်ရှိ အကျဉ်းသားများအတွက် ပါဆယ်ထုပ် လက်ခံသည့် အဆောက်အဦအတွင်းနှင့် အပြင်ဘက်တို့တွင် အကြမ်းဖက်သမားများ၏ ပါဆယ်ထုပ်များအတွင်း မိုင်းများထည့်သွင်းဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါတယ်။ 

ပေါက်ကွဲမှုများကြောင့် အခင်းဖြစ်နေရာအနီးတွင် တာဝန်ဝတ္တရားများ ဆောင်ရွက် လျက်ရှိကြသည့် အကျဉ်းထောင်တပ်သားများဖြစ်သည့် ကျော်ဇင်ဦး၊ ချစ်မိုးဝေနှင့် ပိုးအိစံ၊ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူများဖြစ်ကြသည့် ဒေါ်သင်းသင်းချို(၅၄)နှစ်၊ မယွန်းမီမီကျော် (၁၀)နှစ်၊ ဒေါ်သိန်းကြွယ်(၅၆)နှစ်နှင့် စိစစ်ဆဲ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၈ ဦး တို့ တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြပြီး အကျဉ်းထောင် လက်ထောက် ကြီးကြပ်ရေးမှူး(၁) ဒေါ်သိင်္ဂီဝင်းမြင့်၊ အကျဉ်းထောင်တပ်သား ဇေယျာခင်စိုး၊ ထွန်းထွန်းနိုင်၊ သူရိန်ထွေး၊ သဒ္ဒါဖူးကိုကိုနှင့် အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့ သူများဖြစ်ကြသည့် မောင်ဖြိုးသူသျှံ (ခ)ပိုင်ပိုင်(၉)နှစ်၊ ကိုရန်နိုင်(၃၅)နှစ်၊ ကိုစည်သူအောင်(၃၈)နှစ်၊ မောင်ပြည့်စုံဖြိုး(၁၇)နှစ်၊ ကိုထက်နိုင်ထွန်းရှိန်(၃၃)နှစ်၊ ဒေါ်ဇာခြည်လွင်(ခ)မလုံးစီ(၄၃)နှစ်၊ မအေးစန္ဒာစိုး(၂၁)နှစ်၊ ဒေါ်မျိုးပပဝင်း(၄၁)နှစ်၊ မမေသွန်းနဒီနိုင်(၁၇)နှစ်၊ ဒေါ်နော်ဝါးဖော(၅၀)နှစ်၊ မဆွေသူအောင်(၂၉)နှစ်၊ မဇင်မာဝင်း(၃၄)နှစ်၊ ဒေါ်မိုးသီတာ(၅၃)နှစ် စုစုပေါင်း ၁၈ ဦးတွင် မိုင်းစ ထိမှန် ဒဏ်ရာများ အသီးသီးရရှိခဲ့ပါတယ်။

-၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၂၁ရက်နေ့မှာတော့ KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက် ပိုင်းတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ပြီး လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာန အဆောက်အဦများအတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လူနေရပ်ကွက် အတွင်းရှိနေ အိမ်အချို့ထိခိုက်ပျက်စီးခဲ့ရပြီး အပြစ်မဲ့ပြည်သူအမျိုးသား ၂ ဦး၊အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး  အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

-၂၀၂၂ခုနှစ်၊ အောက်တိုဘာ -၂၂ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မကျီးတုံ ကျေးရွာအတွင်းသို့ Drone ယာဉ်များ အသုံးပြု၍ Drop Bomb များဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြပါတယ်။ ထိုသို့ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲအတွင်းရှိ စာသင်ကျောင်းပေါ်သို့ လက်လုပ်ဗုံး ၁ လုံး၊ စာသင်ကျောင်းဆောင်၏ အရှေ့တန်းစီကွင်းနှင့် စာသင်ကျောင်း၏ မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ လယ်ကွင်းအတွင်းတို့သို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပါတယ်။

အောက်တိုဘာ - ၂၂ရက်နေ့မှာပဲ ပုလောမြို့နယ်၏ တောင်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ မဒေါင်ကျေးရွာနှင့်ပိတတ်ကျေးရွာကြားရှိ ကဒဲချောင်းကူး (ဒေသအခေါ်ပိတတ်ချောင်း)ကျေးရွာချင်းဆက် သံဘောင်ဘေလီအမျိုးအစား (တံတား အကျယ် ၁၂ ပေ၊ အရှည် ၄၂၀ ပေ )အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရပြီး တံတားကြမ်းခင်းသံပြား ၄ ချပ် ပြုတ်ထွက် ပျက်စီးခဲ့ပါတယ်။

-၂၀၂၂ခုနှစ်၊ အောက်တိုဘာ - ၂၄ ရက်နေ့မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်)အား PDF အမည်ခံအကြမ်းဖက်အဖွဲ့က ယနေ့ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ် တစ်စီးအသုံးပြုကာ Drop Bomb များဖြင့် တိုက်ခိုက် ခဲ့ပါတယ်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့က စစ်ရေးနှင့်မသက်ဆိုင်သော အခြေခံပညာ အထက်တန်းကျောင်းအား Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းဝန်းအတွင်းရှိ ဆရာ၊ ဆရာမများနေထိုင်ရန် အသစ် ဆောက်လုပ်ထားသည့် ၂ ထပ်ဆောင်ပေါ်သို့ ဗုံးသီး ၂ လုံး၊ ကျောင်းနှင့်ကပ်လျက်ရှိ ဒေါ်ခင်သန်းနွယ် နေအိမ်ပေါ်သို့ ဗုံးသီး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ကျောင်းဆောင် အမိုးများ ပေါက်ပြဲ ပျက်စီးခဲ့ကြောင်းနှင့် အမှတ်(၂) ရပ်ကွက်နေ ဒေါ်ခင်သန်းနွယ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပါတယ်။

-၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့မှာ NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြို့ရွာများမှ မတရားအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ထားသော အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် နိုင်ငံဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသား ၂၆ ဦးအား ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပုလဲမြို့နယ်၊ ဖလံပင်ကျေးရွာ ၊ မြောက်ယမားဆည်အနီးရှိ PDF အမည်ခံ အကြမ်းဖက်သမားများ၏ စခန်းအတွင်းမှ ကောင်းမွန်စွာ ပြန်လည် ကယ်တင် နိုင်ခဲ့ပါတယ်။  

ဆက်လက်၍ ဖမ်းဆီးခံရသူများ ပြန်လည်ကယ်တင်နိုင်ရေး နယ်မြေအတွင်းရှိ အမာခံသတင်းပေးများဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ဖမ်းဆီးခံရသူများ ချုပ်နှောင်ထား သည့် အကြမ်းဖက် စခန်း၏ တည်နေရာ ထပ်မံဖော်ထုတ်ရရှိသဖြင့် ကွန်မန်ဒို အဖွဲ့ဖြင့်ထပ်မံ စီးနင်း ခဲ့ရာ အောက်တိုဘာလ ၁၂ ရက်တွင် ဖမ်းဆီးခံရသည့် အရာရှိဇနီးအပါအဝင် ၎င်းတို့ ဖမ်းဆီးချုပ်နှောင်ထားသည့်အပြစ်မဲ့ အမျိုးသမီး ၇ ဦး၊ ကလေးငယ် ၄ ဦး၊ အမျိုးသား ၁၅ ဦး အား အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ ည ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပြောင်းခင်းကျေးရွာ အနီးရှိ ဓာတ်အား ၆၆၀၀၀ ဗို့ရှိ ဓာတ်တိုင်အား PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ ဓာတ်တိုင်အောက်ခြေ၌ ပေါက်ကွဲမှုဖြစ်ပွားထားသည်ကို တွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ ဆိုင်ကယ်ဘက်ထရီအိုး ၁ လုံး၊ ဝါယာကြိုးစများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။

-၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ အကြမ်းဖက်သမားများ၏ ရည်ရွယ်ချက်ရှိရှိဖြင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အမှတ်(၇) ရပ်ကွက်အတွင်း သို့ ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၂ လုံး၊ ဘာသာရေးအဆောက်အဦ တစ်ခုတို့ ထိခိုက်ပျက်စီးခဲ့ကာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

-၂၀၂၂ခုနှစ် ၊ အောက်တိုဘာ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွား(၅)ရပ်ကွက်ရှိ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးအား  PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အထက်ပါ ဖော်ပြချက်တွေဟာ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း NLD အစွန်းရောက်များက ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF နဲ့ KNU, KNLA, KKO, KIA အကြမ်းဖက်အဖွဲ့များ က စစ်ရေးပစ်မှတ်များ မဟုတ်တဲ့ အရပ်သား လက်နက်မဲ့ ရဟန်းရှင်လူပြည်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ စစ်ရာဇဝတ်မှုများပဲ မဟုတ်ပါလား။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)