အရပ်သားများအပေါ် ဒလန် စွပ်စွဲ၍ လူမဆန် ရက်စက်စွာသတ်ဖြတ်နေသော NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက် သူများအား ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသော တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရပ်သားများအပေါ် ဒလန် စွပ်စွဲ၍ လူမဆန် ရက်စက်စွာသတ်ဖြတ်နေသော NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက် သူများအား ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသော တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြား







MNP ၊ အောက်တိုဘာ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ခန်းမတွင်တွေ့ဆုံ၍ အမှာစကား ပြောကြားစဉ် အာဏာကို လက်လွတ်ခဲ့ရမှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် NUG ၊ CRPH ၊ PDF အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာသည့်အခြေအနေများ၊ အပြစ်မဲ့ ပြည်သူများ၊ သီလရှင်နှင့် သံဃာတော်များ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အရပ်သူ၊ အရပ်သားများအပေါ် ဒလန် စွပ်စွဲ၍ လူမဆန် ရက်စက်စွာသတ်ဖြတ်နေသော NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက် သူများအား ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသော တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောကြားသွားသည်။


ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း) က အမှာစကားပြောကြားရာတွင် တပ်မတော်(လေ)အနေဖြင့် နိုင်ငံတော်၏ခရီးသွားလာမှု အစိတ်အပိုင်းတစ်ခုဖြစ်သည့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို အရေးပေါ်ကာလအတွင်း ရပ်တန့်မှုမရှိအောင် အကောင်းဆုံးအားဖြည့်ကြိုးပန်းလုပ်ဆောင်ခဲ့မှုအတွက် အသိအမှတ်ပြု မှတ်တမ်း တင်မှုအခြေအနေများ၊ ကောင်းမွန်သောမှတ်တမ်းများ အားနောင်လာနောင် သားများ အတွက် လက်ဆင့်ကမ်းအမွေအဖြစ်ထားပေးရန် လိုသောအခြေအနေများ၊ နိုင်ငံ၏ ဖြစ်ပေါ်နေသော ပကတိအခြေအနေမှန်ကိုမျက်ကွယ်ပြု၍ တပ်မတော်၏ အမျိုးသား ရေးတာဝန်အရ လုပ်ဆောင်မှုများ အပေါ်နှင့် Institution အရ ခိုင်မာသည့် တပ်မတော်အပေါ် သွေးခွဲရန် ကြိုးပမ်းနေသည့် အခြေအနေများ၊


 ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အားလုံးသိရှိ ပြီးဖြစ်သည့် မဲမသမာမှု ဖြစ်စဉ် ဖြစ်ပေါ်ခဲ့၍ တာဝန်ရှိသူများကို ဖြေရှင်းပေးရန် တပ်မတော် သာမက နိုင်ငံရေးပါတီများ၏ တောင်းဆို မှုများကို လျစ်လျူရှု၍ နိုင်ငံတော် အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးစားလာသဖြင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော် တာဝန်ကိုထိန်းသိမ်းခဲ့ရသည့်အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အခြေခံကျသော မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းများ စနစ်တကျမှန်ကန်ရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မတရားရယူရန် ကြံစည်ထားသည့်အာဏာကို လက်လွတ်ခဲ့ရမှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် NUG ၊ CRPH ၊ PDF အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာသည့်အခြေအနေများ၊ အပြစ်မဲ့ ပြည်သူများ၊ သီလရှင်နှင့် သံဃာတော်များ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အရပ်သူ၊ အရပ်သားများအပေါ် ဒလန် စွပ်စွဲ၍ လူမဆန် ရက်စက်စွာသတ်ဖြတ်နေသော NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက် သူများအား ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသော တပ်မတော်အနေဖြင့် ဉပဒေနှင့်အညီ ဆောင်ရွက်နေသည့် အခြေအနေများ၊ 


ပကတိအမှန်တရားကို မှန်ကန်စွာ ဆင်ခြင် သုံးသပ်မှုမပြုဘဲ တပ်မတော်၏ နိုင်ငံတော် တာဝန် ခေတ္တထိန်းသိမ်းမှုအပေါ် မလိုလားသော ပြည်ပနိုင်ငံကြီးအချို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားထိခိုက်ပျက်ပြားစေရန် ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက် နေသည့် အခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့ လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် အပေါ် အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ အမျိုးသား ရည်မှန်းချက် ၂ ရပ်အဖြစ် တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ် ၂ ရပ်အဖြစ် စစ်မှန်စည်း ကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း အကြောင်း အရင်းနှင့် ဆောင်ရွက်နေမှု အခြေအနေများ၊ 


နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး ၊ စီးပွားရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံစီးပွားကို မြှင့်တင်နိုင်ရန် နိုင်ငံစီးပွားရေး၏ အခြေခံဖြစ်သော စိုက်ပျိုးမွေးမြူရေး နှင့် MSME ကဏ္ဍများကို အားပေး မြင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ ထာဝရ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်မှစပြီး စားရေရိက္ခာပြည့်ဝဖူလုံရေးအတွက် တပ်ပိုင်နှင့် တစ်ပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးကို မူဝါဒများချမှတ်ကာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ သဖြင့် တပ်တွင်း စားဝတ်နေရေးကို အဆင်ပြေစေပြီး ဖူလုံပိုလျှံသော ထွက်ကုန်များကို ဒေသခံပြည်သူများသို့ သက်သာသော နှုန်းထားများဖြင့် ရောင်ချနိုင်ခဲ့သည့် အခြေ အနေများ၊ စစ်သည်/ မိသားစုဝင်များ အတွက် စားရေး၊ နေရေး ၊ ပညာရေး၊ ကျန်းမာရေး ၊ ပို့ဆောင်ရေးများတွင် သက်သာ ချောင်ချိရေးအတွက် ဆောင်ရွက် ပေးနေမှု အခြေအနေများ၊ တပ်မတော်သားတို့သည် ၂၄ နာရီ ပေးအပ်လာသော အမိန့်နှင့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင် နေရသည်ဖြစ်၍ ကိုယ်စိတ် ကျန်းမာ ကြံ့ခိုင်နေရေးအတွက် ကျန်းမာသောနေထိုင် စားသောက်မှုပုံစံ မှန်ကန်စွာ နေထိုင်ရေး အတွက် ကိုယ်စီဂရုစိုက် နေထိုင်သွား ကြရန်လိုအပ်သည့်အခြေအနေများ၊ 


တပ်တည်ဆောင်ရေးလုပ်ငန်းကြီး ၄ ရပ်နှင့် တပ်နေပျော်ရေးတို့ကို အဆက်မပြတ် အကောင်ထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရာရှိ/စစ်သည်/ မိသားစုဝင်များ အနေဖြင့် အသိမှန်မှ အလုပ်မှန်မည်ဖြစ်၍ အသိမှန်စေရေး အသေးစိတ်ရှင်းလင်းမှာကြားခဲ့ပြီး တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြေရှင်းဆောင် ရွက်ပေးသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည်အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာ ပစ္စည်းများ ပေးအပ်ရာ တာဝန် ရှိသူတို့က လက်ခံရယူကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)