ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့က PDF အကြမ်းဖက်သမားများအတွက် တင်သွင်းလာသည့် လက်နက်များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့က PDF အကြမ်းဖက်သမားများအတွက် တင်သွင်းလာသည့် လက်နက်များ ဖမ်းဆီးရမိ




MNP ၊ အောက်တိုဘာ ၃

ထိုင်းနယ်စပ် လက်နက်မှောင်ခိုများထံမှ ဝယ်ယူခဲ့ပြီး မန္တလေးမှတစ်ဆင့် စစ်ကိုင်းတိုင်းအတွင်းက PDF တွေအတွက် NUG အဖွဲ့က ထောက်ပံ့ပေးပိုတဲ့ လက်နက်/ခဲယမ်းတွေကို  ISUZU(၂၂) ဘီးတွဲကားနဲ့ သယ်ဆောင်လာကြောင်း သတင်းအတိအကျရလို လုံခြုံရေးတပ်ဖွဲဝင်တွေက ရှာဖွေစစ်ဆေး၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

.

ရှာဖွေစစ်ဆေးမှုအရ သာစည်မြိုနေ ယာဉ်မောင်း ရဲမင်းပိုင်(၃၀) နှစ် ၊ တောင်ငူမြိုနေ ယာဉ်အကူ ဝေယံဦး ၂၄ နှစ် တို့ မောင်းလာသော၂၂ ဘီးယာဉ်အတွင်း လျှိဝှက်သယ်ဆောင်လာတဲ့  Commando သေနတ် (၂) လက်၊ MK-12 (၂)လက်၊ * 12GA MAGNUM (၉) လက်၊ CZ 22 LR (၁) လက်၊ Glock-43 ပစ္စတို (၁) လက်၊ Micro ပစ္စတို (၁) လက်၊ Sig Sauer ပစ္စတို (၃) လက်၊ Glock 17 Gen-4 ပစ္စတို(၁) လက် (လက်နက်စုစုပေါင်း - ၂၀ လက်)၊ ကျည်အိမ်မျိုးစုံ (၈၂) ခုနှင့် ၁၂ ဗိုကျည်                (၁၂၅၀) တောင့်တိုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ISUZU(၂၂) ဘီးတွဲကားကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)