ဖာပွန်မြို့နှင့် ကမမောင်းမြို့သွား ကားလမ်းတစ်လျှောက် NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းများအား အများပြည်သူ ဘေးအန္တရာယ်မရှိစေရေး ဖယ်ရှားရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖာပွန်မြို့နှင့် ကမမောင်းမြို့သွား ကားလမ်းတစ်လျှောက် NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းများအား အများပြည်သူ ဘေးအန္တရာယ်မရှိစေရေး ဖယ်ရှားရှင်းလင်း




နေပြည်တော်၊ အောက်တိုဘာ ၁၆

NUG နှင့်  PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင် လျက်ရှိသည့်  ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက် နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်း ဆက်သွယ်မှုများ လုံခြုံချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။


ထို့သို့ လုပ်ဆောင်လျက်ရှိရာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းမြို့ သွား ကားလမ်းတစ် တစ်လျှောက်၌လည်း အကြမ်းဖက်သမားများက လက်လုပ်မိုင်း များထောင်ထားကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃၀ ရက် နံနက် ၈ နာရီခွဲမှ နေ့လယ် ၁ နာရီခွဲ အထိ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ ကားလမ်းဝဲ/ယာ တစ်လျှောက်မှ ၅ ဂါလံပုံးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်ဆွဲမိုင်း ၂၃ လုံး၊ ပလပ်စတစ်ထမင်းဘူးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရဆွဲမိုင်း ၂ လုံး၊ စနက်တံ ၁၇ ခုနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံရှာဖွေဖော် ထုတ်နိုင်ခဲ့ပြီး  အများပြည်သူ အန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။


ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်၌ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်းနှင့် အဆိုပါ ဖာပွန်-ကမမောင်းသွား ကားလမ်းတစ်လျှောက် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံအေးချမ်းတည်ငြိမ်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)