MNP ၊ စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲမှု(Online)သင်တန်းကို ပြန်ကြား ရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီအချိန် က Zoom Meeting ဖြင့် နောက်ဆုံးနေ့ဆက်လက်သင်တန်း ပို့ချပေးခဲ့သည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ ဦး မြင့် ခိုင် နှင့် ဘူးသီးတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်တို့က မိမိတို့ဌာနအနေဖြင့် ပြည်သူ့ ဝန် ဆောင် မှု လုပ်ငန်း မျာ းဆောင်ရွက်နေမှု၊ စာကြည့်တိုက်မှူး တစ်ဦးအနေဖြင့် ထားရှိရမည့် စိတ်ပိုင်းဆိုင်ရာအနေအထားများ ၊မိမိတို့ စာကြည့် တိုက်သို့ လာရောက်သည့် စာငှါး ၊စာဖတ် ပရိသတ်၏ လိုအပ်ချက်များကို အစီအစဉ်လေ့လာ သိရှိနား လည် ရန် လို ကြောင်း ၊ စာကြည့်တိုက်များ၏ သမိုင်းအကြောင်းအရာများ ၊ စာကြည့်တိုက်အမျိုးအစားများ ၊ စာအုပ်များအား မှတ် တမ်း ထားရာတွင် လိုက်နာရမည့် အချက်များ ၊ နိုင်ငံတကာတွင် စာအုပ်ငှါးရမ်းမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး သင်ကြားပို့ချပေးခဲ့သည်။ ထို့နောက် သင်တန်းဆင်းပွဲကို ပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီး ဌာန ၊ မောင်တော ခရိုင် ရုံးမှ လက်ထောက် ညွန် ကြား ရေးမှူး ဦးဇော်ဇော်ဆန်းက ယခုလို စာကြည့် တိုက် လုပ်ငန်း စီမံခန့်ခွဲမှု (Online)သင်တန်းတွင် ပြည်သူများအား ဝန်ဆောင်မှုပေးနေသော စာကြည့်တိုက် လုပ်ငန်းသည် နက် ရှိုင်း ပါကြောင်း ၊ သင်တန်းကို စိတ်ပါဝင်စားစွာ တက်ရောက် သင်ယူခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ၊ စသည့် တို့ကို ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မောင်တောခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် ၊မြို့ရုံးများရှိ ဝန်ထမ်း (၁၁)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ပြည်သူ့စာကြည့်တိုက်စီမံခန့်ခွဲမှု ဘာသာရပ် ၊ စာပေ ပစ္စည်းထိန်းသိမ်းနည်း ဘာသာရပ် ၊ မျိုးတူစုလုပ်ငန်းဘာသာရပ် တို့အား စက်တင်ဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ သုံး ရက်ကြာသင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ကျော်စိန် ၊ သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment