PDF အမည်ခံအကြမ်းဖက်သမားများက ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ Drone ယာဉ် အသုံးပြု၍ လက်လုပ်ဗုံးများ ဖြုတ်ချတိုက်ခိုက်ရာ အသက် ၄ နှစ် အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများက ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ Drone ယာဉ် အသုံးပြု၍ လက်လုပ်ဗုံးများ ဖြုတ်ချတိုက်ခိုက်ရာ အသက် ၄ နှစ် အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ




MNP ၊ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ ယနေ့နံနက် ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ် အသုံးပြု၍ လက်လုပ် ဗုံးများ ရမ်းသန်းဖြုတ်ချ တိုက်ခိုက်ခဲ့ခြင်းကြောင်း အပြစ်မဲ့ပြည်သူ အသက် ၄ နှစ်ရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ ယနေ့နံနက် ၉ နာရီ ခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ် ၁ စီးအသုံးပြု၍ လက်လုပ်ဗုံး ၂ လုံးအား ရမ်းသန်းဖြုတ်ချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက် ခြင်းကြောင့် ဘုန်းကံကျေးရွာအလယ်တန်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲ ခဲ့ပြီး အလျား ၁၂၀ ပေ၊ အနံ ၆၀ ပေရှိ စာသင်ဆောင်၏ မျက်နှာကြက်နှင့် သွပ်မိုးများ ပေါက်ပြဲပျက်စီးခဲ့ပြီး ကျေးရွာတွင် နေထိုင်လျက်ရှိသော အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရကလေး ငယ်အား ဘုန်းကံကျေးရွာ ကျေးလက်ဆေးပေးခန်း၌ လိုအပ်သည့်ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ ကျေးရွာအတွင်း လက်လုပ်ဗုံးများ ရမ်းသန်းဖြုတ်ချတိုက်ခိုက်ခဲ့ သော PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးရှာဖွေလျက်ရှိကြောင်း သတင်းရရှိ သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)