မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်



MNP ၊ အောက်တိုဘာ ၁

NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူ ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း စသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။


ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၅ နာရီ ၅၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် ကျောင်းဆောင်ရှိ ပြူတင်းပေါက်တံခါးများ ပျက်စီးကာ ကျောင်းအဆောက်အဦများ၌ လက်နက်ကြီး/ လက်နက်ငယ်ကျည်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)