သပိတ်ကျင်းမြို့နယ်၊ မင်းကုန်းကျေးရွာရှိ တောင်ယာတဲအတွင်း၌ အပြစ်မဲ့ပြည်သူ ၃ ဦးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့နယ်၊ မင်းကုန်းကျေးရွာရှိ တောင်ယာတဲအတွင်း၌ အပြစ်မဲ့ပြည်သူ ၃ ဦးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်



MNP ၊ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ နေထိုင်လျက်ရှိသော မိသားစုအား စက်တင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် (၅)နှစ်ကလေးငယ် တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ မင်းကုန်းကျေးရွာ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ ဦးရင်မောင်နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးသင်း၊ သားဖြစ်သူ အသက်(၅)နှစ်အရွယ် မောင်ဆန်းသစ်အောင်တို့ ရှိနေစဉ် မွန်းလွဲ ၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်၊ ဓားဖြင့် ခုတ်ကာ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းကြောင့် ဦးရင်မောင်နှင့် ဇနီးဖြစ်သူ ဒေါ်အေးအေးသင်းတို့မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး အသက် (၅)နှစ်အရွယ် မောင်ဆန်းသစ်အောင်မှာ လက်ဖျံနှင့် လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။ ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား နယ်မြေခံ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်လျက်ရှိသည်။


ထိုသို့အေးချမ်းစွာနေထိုင်သော မိသားစုအား အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)