မြောင်မြို့နယ် ပရိမ္မကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်မြို့နယ် ပရိမ္မကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ




MNP ၊ အောက်တိုဘာ ၃၁

နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲများက အကြမ်းဖက်ဘေးအန္တရာယ် တားဆီးကာကွယ်ရေး နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၈ ရက်နေ့က မြောင်မြို့နယ်၊ ပရိမ္မကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ရင်ဆိုင် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး PDFအကြမ်းဖက်အဖွဲ့ဝင် ၂ဦး ကို အသေ ပစ်ခတ်ဖမ်းဆီးရမိပြီး လက်နက်ပစ္စည်းအမြောက်အများ သိမ်းဆည်းရမိခဲ့သည်။

PDF အကြမ်းဖက်သမားများထံမှ လက်လုပ်သေနတ် ၁၁ လက်၊ အမ်(၂၂) ၁ လက်၊ လက်ပစ်ဗုံး၁၂ လုံး၊ လက်လုပ်စိန်ပြောင်း ၁၁ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁ လုံး၊ အီနာဂါဗုံးသီး ၅ လုံး၊ လက်လုပ်မိုင်း ၂၀ လုံး၊ ယမ်းကြိုး ၂ ခွေ၊ ဒီတိုနေတာ ၅၀ ချောင်း၊ ဝရိန်ပုံး ၁ ပုံး၊ တွင်ခုံ ၁ ခု၊ သံဖောက်စက် ၁ လုံး၊ သံဖြတ်စက် ၃ လုံး၊ ဆိုင်ကယ် ၁၃ စီး၊ ကျည်အိမ်နှင့်ကျည်ဆံများအား သိမ်းပိုက်ရရှိခဲ့ပြီး PDF အကြမ်းဖက်သမားတချို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

NLD ဦးဆောင်ဖွဲ့စည်းထားသည့် CRPH, NUG, PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချို့သည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ စစ်ရေးမဟုတ်သော ပစ်မှတ်များကို တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများ ကျူးလွန်လာခြင်းကြောင့် တပ်မတော်က အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လာနေသည်ကို ကြားသိနေရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)