တာဝန်မဲ့ ပြုလုပ်နေပါက ရဟန်းရှင်လူပြည်သူများ PDF သတ်လို့ သေကြရမည်၊ အစာရေစာပြတ်လို့ သေကြရတော့မည် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာဝန်မဲ့ ပြုလုပ်နေပါက ရဟန်းရှင်လူပြည်သူများ PDF သတ်လို့ သေကြရမည်၊ အစာရေစာပြတ်လို့ သေကြရတော့မည် (အိတ်ဖွင့်ပေးစာ)



မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မြောက်ပိုင်း ဇီးပြားကျေးရွာတွင် (PDF) ထဲမပါ တပ်မတော်ထောက်ခံသူ အိမ်ထောင်စု (၃၀၀)ကျော် ရှိပါသည်။ ဇီးပြားကျေးရွာဘုန်းတော်ကြီးကျောင်း ၂ကျောင်း၌ စုပေါင်းနေကြရပါသည်။ ပြည်သူ့စစ်(၁၀၀)ကျော်ခန့် စစ်သင်တန်း တက်ကြပါသည်။ လက်နက်မတပ်ဆင်ပေးသေးပါ။ 

ပြည်သူ့စစ်ဖွဲ့သည့်အတွက် (၂-၁၀-၂၀၂၂) ရက်နေ့က PDF မှ ရွာထဲဝင်ပြီး အိမ်ခြေ (၄၁)အိမ်၊ လယ်ထွန်စက် (၂)စီး၊ ခြောက်ဘီးကား (၁)စီး၊ နွား(၁)ကောင် မီးရှို့သွားခဲ့ပါသည်။ ဆိုင်ကယ်စီးရေ (၄၀)ခန့် ယူဆောင်သွားကြပါသည်။ အချို့မီးထဲပါသွားခဲ့ပါသည်။

ပြည်သူ့စစ်မဟုတ်သူ ကျား/မ (၅၇)ယောက် ကို PDF မှ ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့ပါသည်။ ဇီးပြားရွာ - ပေါက်လမ်း (၁၆)မိုင် အနက် (၈)မိုင် ကို PDF က လမ်းပိတ်ထားပါသည်။ တပ်မတော်ကို ထောက်ခံခြင်း၊ ပြည်သူ့စစ်ဖွဲ့စည်းခြင်းတို့ကြောင့် PDF ၏ ရန်ပြုစော်ကားမှုများကို ခံနေကြရပါသည်။ 

ယခုအချိန်တွင် မည်သူ့မှ အားကိုးမရဘဲ အသက်အန္တရာယ်အတွက် စိုးရိမ်နေရပါသည်။ PDF လာရင် စစ်တပ်က ရဲစခန်းထဲမှာ နေပါတယ်။ ရပ်ရွာလူထုကို လုံခြုံရေးမပေးပါ။ ၂၀၂၂ ခုနှစ်၊ ဧပြီလမှစ၍ PDF က လမ်းပိတ်ထားသဖြင့် ကုန်ပစ္စည်းသယ်ယူ၍ မရပါ။ ယခု စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေပါပြီ။ 

PDF က ဘုန်းတော်ကြီးများကိုလည်း သတ်ဖြတ်ဖို့၊ ကျန်တဲ့ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးဖို့ ခြိမ်းခြောက်နေပါသည်။ ရွာထဲကိုလည်း ဒရုန်းဖြင့် ဗုန်းအလုံး(၃၀) ခန့် ချခဲ့ပါသည်။ တချို့ မပေါက်ကွဲပါ။ ကျောင်းသား/သူ (၃၀၀)ကျော် ကျောင်းဖွင့်ဆဲ အခြေအနေမှ ယခု ကျောင်းပိတ်ထားရပါသည်။ ယခု နှစ်ဝက်စာမေးပွဲ ဖြေပြီးသည်အထိ ကျောင်းသုံးစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများ၊ စာရေးကိရိယာများ မရကြပါ။ ပညာရေးဝန်ထမ်းများ၏ နေအိမ်များကို PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြပါသည်။ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်နေပါသည်။ 

ဇီးပြားရွ၊ တရော်ကိုင်းရွာ ဘေးပတ်ဝန်းကျင်ရွာအားလုံးသည် PDF ရွာတွေ ဖြစ်ပါသည်။ ဇီးပြားရွာနှင့် တရော်ကိုင်းရွာ ၂ရွာ တည်းသာ တပ်မတော်ကို ထောက်ခံသော ရွာများဖြစ်ပါသည်။

ရပ်ရွာလူထုကို လုံခြုံရေးမပေး၊ စားသောက်ကုန် သယ်ယူဖို့အတွက် လမ်းဖွင့်မပေး၊ PDF အကြမ်းဖက်သမားများကို ကြောက်ရွံ့နေရခြင်းကြောင့် သီးနှံများ ထွန်ယက်စိုက်ပျိုး၍မရ၊ ယခုအတိုင်းသာ မဆိုင်သလို တာဝန်မဲ့ ပြုလုပ်နေပါက အိမ်ထောင်စု (၃၀၀)ကျော်၊ လူဦးရေ (၈၀၀)ခန့်နှင့် ဘုန်းကြီးများပါ မကျန် PDF အကြမ်းဖက်သမားများ သတ်လို့ သေရတော့မည်။ အစားအစာပြတ်သေကြရတော့မည် ဖြစ်သည့်အတွက်ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တကွ တာဝန်ရှိလူကြီးများ သိရှိပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ တင်ပြတောင်းဆိုပါသည်။


ဇီးပြားကျေးရွာမှ ရဟန်းရှင်လူပြည်သူများ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)