မြန်မာ - ရုရှား နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စရပ်အနေဖြင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်ဖွံ့ဖြိုးတိုးတက်အကောင်အထည်ဖော်ရေးအစီအစဉ် အတွက် PTG Energy ကုမ္ပဏီနှင့် လုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေးအတွက် Notice to Proceed(NTP)အား လက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - ရုရှား နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စရပ်အနေဖြင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်ဖွံ့ဖြိုးတိုးတက်အကောင်အထည်ဖော်ရေးအစီအစဉ် အတွက် PTG Energy ကုမ္ပဏီနှင့် လုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေးအတွက် Notice to Proceed(NTP)အား လက်မှတ်ရေးထိုး


MNP ၊ အောက်တိုဘာ ၁၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပလျက်ရှိသည့် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည် ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ရုရှားနိုင်ငံ၌ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ Novatek ကုမ္ပဏီ မှ Chairman of the Manage-ment Board, Mr. Leonid Mi-khelson ဦးဆောင်သောအဖွဲ့အား မြန်မာနိုင်ငံတွင်ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ် ရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။


မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Mr. Nikolay G.Shulginov ဦးဆောင်သောအဖွဲ့နှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရာ နှစ်နိုင်ငံ အကြီးအကဲများ၏ ခရီးစဉ်များမှ ဆွေးနွေးခဲ့သောကိစ္စများကို နောက်ဆက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန်ကိစ္စ၊ မြန်မာနိုင်ငံသို့ စက်သုံးဆီတင်သွင်းရေးကိစ္စများ၊ ရေနံချက်စက်ရုံတည်ဆောက်ရေး ကိစ္စနှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။


ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ Rus-Hydro ကုမ္ပဏီမှ Deputy Dire- ctor General, Mr. Machekhin ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာတွင် RusHydro ကုမ္ပဏီက Deputy Director General, Mr. Machekhin က ရုရှားနိုင်ငံနှင့် အခြားနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသော လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းကိစ္စ၊ ရေအားလျှပ်စစ်နှင့်ပတ်သက်သော အင်ဂျင်နီယာလုပ်ငန်းများ၊ Geo-logical နှင့်ပတ်သက်သော လုပ်ငန်းများအားလုံးကိုလည်း လုပ်ဆောင်ပေးနိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်များ ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များစွာရှိပါကြောင်း၊ ရေအားလျှပ်စစ်နှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ညှိနှိုင်းဆွေးနွေးသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် စွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ LLC SIGMA ကုမ္ပဏီမှ Deputy Director General For Foreign Economic Relation, Mr. Rodi-onov Nikita ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံတွင်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် စွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Prometey ကုမ္ပဏီမှ President, Mr. Alexander ILIN ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံရှိ စွမ်းအင်ဆိုင်ရာကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အလမ်းများကို ဖိတ်ခေါ်ညှိနှိုင်းဆွေးနွေးသည်။


ပြည်ထောင်စုဝန်ကြီး ဦးမျိုး မြင့်ဦးနှင့် စွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ Joint Stock Company Foreign Economic Corporation “PRODINTORG” ၏ အမှုဆောင်အရာရှိချုပ် Mr. Mikhail Potapov နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး ရုရှားနိုင်ငံမှ ဓာတ်မြေဩဇာတင်သွင်းရေးလုပ်ငန်းစဉ်များပါ အချက်အလက်များကို ညှိနှိုင်းဆွေးနွေးသည်။


ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ယင်းနေ့ညနေပိုင်းတွင် ရုရှားနိုင်ငံ၏ အဓိက လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Inter RAO – Export ၏ General Director, Mr. Alexey Yakovlev အဖွဲ့အားတွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည် ရေးကိစ္စရပ်အနေဖြင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်ဖွံ့ဖြိုးတိုးတက်အကောင်အထည် ဖော်ရေးအစီအစဉ်အတွက် PTG Energy ကုမ္ပဏီနှင့် လုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေးအတွက် Notice to Proceed(NTP)အား လက်မှတ်ရေးထိုးခဲ့ကြကာ စီမံကိန်း အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)