လွိုင်လင်မြို့၌ ဆေးသိုလှောင်ရုံ RCC တစ်ထပ်တည်ဆောက်ရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့၌ ဆေးသိုလှောင်ရုံ RCC တစ်ထပ်တည်ဆောက်ရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး

 


MNP - အောက်တိုဘာ   ၁၈


ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လွိုင်လင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသို လှောင်ရုံ (၅၀ ပေ ၊ ၄၀ ပေ ) RCC တစ်ထပ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကံစောလှိုင်သည် ယနေ့ နံနက် (၁၀) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇော်လင်း၊ မေလမင်းအိမ် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာတို့က လိုက်လံရှင်းလင်း ပြသကြသည်။ အဆိုပါ ဆေးသိုလှောင်ရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ အဆောက်အဦမှာ (၅၀ ပေ ၊ ၄၀  ပေ) RCC တစ်ထပ်ဖြစ်ကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်း  ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)