ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာရှိ တောင်သူများအား(RPF)စီမံကိန်း ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေကျပ်သိန်း(၃၀၀)လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာရှိ တောင်သူများအား(RPF)စီမံကိန်း ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေကျပ်သိန်း(၃၀၀)လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၈


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများအတွက် အရင်းအနှီးများရရှိစေရန်၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများရရှိစေရန်၊ ဒေသထွက်ကုန်အပေါ်အခြေခံသည့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့်လုပ်ကိုင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (RPF)စီမံကိန်းရွာဖြစ်သည့် ဒေါင်းရပ်အရှေ့ကျေးရွာ အသက်မွေးဝမ်းကျောင်းအဖွဲ့(၄)ဖွဲ့အား ယမန်နေ့က(ကျေး/လက်)ဌာနရုံး အစည်းအဝေးခန်းမတွင် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပသည်။


ရှေးဦးစွာ မွန်ပြည်နယ်၊ (ကျေး/လက်)ဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဖော်ဆောင်ရေးနှင့်ပတ်သက်၍လည်းကောင်း အမှာစကားပြောကြားပြီး ကျေးရွာအစုအဖွဲ့မှ စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းကာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးပေးခဲ့သည်။ ထို့နောက်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာအသက်မွေးဝမ်းကျောင်းအဖွဲ့မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


အဆိုပါစီမံကိန်းသည် (ကျေး/လက်)ဌာနမှ အရင်းမပျောက်မတည်ရန်ပုံငွေကျပ်သိန်း(၃၀၀)ကို အသက်မွေးဝမ်းကျောင်းအဖွဲ့(၄)ဖွဲ့(စံပယ်ပန်း၊ ကံ့ကော်ပန်း၊ နေကြာပန်း၊ ပိတောက်ပန်း)အဖွဲ့တို့အား တစ်ဖွဲ့လျှင်ငွေကျပ်(၇၅)ရာခိုင်နှုန်းကို စီမံကိန်းမ ထောက်ပံ့ပေးအပ်ပြီး ကျန်(၂၅)ရာခိုင်နှုန်းကိုအဖွဲ့မှထည့်ဝင်ပြီး ဒေါင်းရပ်အရှေ့ကျေးရွာအဖွဲ့ဝင်များမှ ကျေးလက်စီးပွားမြင့်မားစေရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)