“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 အုပ်စု(ဂ) ပွဲစဉ်(၆)ကို မြန်မာ့ရုပ်မြင် သံကြား၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 အုပ်စု(ဂ) ပွဲစဉ်(၆)ကို မြန်မာ့ရုပ်မြင် သံကြား၌ကျင်းပ



MNP - အောက်တိုဘာ   ၈


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ်၁၈ပွဲဖြင့် စက်တင်ဘာ ၂ ရက်မှစတင်ပြီး အပတ်စဉ်သောကြာနေ့ ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပမည်ဖြစ် သည်။


အဆိုပါ ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့် တေးသံရှင်ခိုင်ဝါ တို့က ဆောင်ရွက်ကြပြီး မြန်မာ့အသံတေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/ တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ်တင်ဆက်သူများအဖြစ် ဆောင်ရွက်ကြသည်။


ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲ၏ အုပ်စု(ဂ) ပွဲစဉ် (၆)ကို အောက်တိုဘာ ၇ ရက် (သောကြာနေ့)ယနေ့ ညတွင် ယှဉ်ပြိုင်ကြရာ ရခိုင်ပြည်နယ်မှ လင်းလင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ထူးခန့်၊ကယားပြည်နယ်မှ မေသူ၊ နေပြည်တော်မှ ကျော်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးမှ ကြည်ဖြူခင်၊ ချင်းပြည်နယ်မှ ဖြိုးမင်းပိုင်၊ ကရင်ပြည်နယ်မှ ချိုသဲဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ နှင်းပွင့်ဖြူနှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင် စုစုပေါင်းပြိုင်ပွဲဝင် ကိုးဦးတို့က စိတ်ကြိုက် တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင် ကြသည်။


ထိုသို့သီဆိုယှဉ်ပြိုင်ကြရာတွင် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင်နှင့် ကရင်ပြည်နယ်မှ ချိုသဲဦးတို့က ပြိုင်ပွဲ ဒုတိယအဆင့် Level (2) တို့ တက်ရောက်သွားကြောင်း သိရသည်။


အဆိုပါယှဉ်ပြိုင်ကြပုံများကို ယနေ့ ည ၈ နာရီသတင်းများအပြီးတွင် MRTV - HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို အောက်တိုဘာ ၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခန့် တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်t

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)