နိုင်ငံသားကတ် ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)တို့ပါ အချက်အလက်များအား နည်းပညာအကူအညီဖြင့် ရုံးချုပ် Server သို့ထည့်သွင်း ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ် အပိုကိုင်ဆောင်မှုများ၊ အချက်အလက်လွှဲမှားမှုများ ရှိနေသည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံသားကတ် ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)တို့ပါ အချက်အလက်များအား နည်းပညာအကူအညီဖြင့် ရုံးချုပ် Server သို့ထည့်သွင်း ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ် အပိုကိုင်ဆောင်မှုများ၊ အချက်အလက်လွှဲမှားမှုများ ရှိနေသည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြောကြား




MNP ၊ အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က ပဲခူးမြို့ရှိ တော်ဝင်ဟံသာခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားအားလုံး ၎င်းတို့၏ နိုင်ငံသားဖြစ်တည်မှုအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းကို ခေတ်အဆက်ဆက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ယခုနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် (၁၈)လတာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။


မိမိတို့ဌာနအနေဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများဖြစ်သည့်  ရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့သည့် ကနဦးစာရင်းများသည် မိမိတို့ဝန်ကြီးဌာန၏ အခြေခံစာရင်းဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆)ပါစာရင်းများနှင့် ကိုက်ညီရေးအတွက်သုံးပွင့်ဆိုင် တိုက်ဆိုင်စစ်ဆေး ရမည်ဖြစ်ပါကြောင်း။


ပဲခူးတိုင်း‌ဒေသကြီး၏ လူဦးရေစာရင်းသည်လည်း ယင်းကဲ့သို့ သုံးပွင်ဆိုင်တိုက်ဆိုင် စစ်ဆေးပါက စာရင်းအမှန်ရရှိမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးများ၏ အခြေခံဒေသလူဦးရေစာရင်းများသည် အနီးစပ်ဆုံးတိကျ မှန်ကန်သည့်အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ လက်ရှိမြေပြင် လူဦးရေစာရင်းများဖြင့် တိုက်ဆိုင်၍ လူဦးရေတိုးခြင်း၊ လျော့ခြင်း၊ စာရင်းပယ်ဖျက်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဌာန အနေဖြင့်လည်း မြို့နယ်ရုံး အသီးသီးရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် နိုင်ငံသားကတ် ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)တို့ပါ အချက်အလက်များအား နည်းပညာအကူအညီဖြင့် ရုံးချုပ် Server သို့ထည့်သွင်း ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ် အပိုကိုင်ဆောင်မှုများ၊ အချက်အလက်လွှဲမှားမှုများ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများအနေဖြင့် အချက်အလက်လွဲမှားမှုများ၊ အပိုကိုင်ဆောင်မှုများရှိပါက ပြန်လည်အတည်ပြု ပြင်ဆင်အပ်နှံဆောင်ရွက်နိုင်ရန် လာမည့်နိုဝင်ဘာ(၁)ရက် နောက်ဆုံးထားပြင်ဆင် အတည်ပြုနိုင်ရေး မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များကို မီဒီယာမျိုးစုံမှ အသိပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းအသိပေးထုတ်ပြန်ချက်ကိုလည်း ရပ်ကွက်၊ ကျေးရွာအဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်ရေး လက်ဆင့်ကမ်းပြောကြား ပေးကြစေလိုပါကြောင်း အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် ဆက်စပ်ဌာနများအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နေမှုနှင့် ပြည်သူများအား အသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာအရောက် ပြည်သူများသိရှိစေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးတိုင်း ဒေသကြီးဦးစီးမှူး ဦးအောင်မင်းက ပန်းခင်းစီမံချက်ဆောင်ရွက်ပြီးစီးမှုနှင့် မဲစာရင်းမှန်ကန် ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ ဒေါက်တာ ကျော်ကိုလတ်က မြေပြင် လူဦးရေစာရင်း ကွင်းဆင်းကောက်ယူထားရှိမှု အခြေအနေကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။


ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည့် မဲစာရင်းမှန်ကန်စွာပြုစုရေးလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာပြီးစီးနိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)