အခြေခံလူဦးရေစာရင်းများစိစစ်ခြင်း၊ Software အတွင်းသို့ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆/နိုင်-၄ ရိုက်သွင်းမှုနှင့် ပန်းခင်းစီမံချက်အဆင့်(၂) သတ်မှတ်ကာလအတွင်း ပြီးစီးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံလူဦးရေစာရင်းများစိစစ်ခြင်း၊ Software အတွင်းသို့ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆/နိုင်-၄ ရိုက်သွင်းမှုနှင့် ပန်းခင်းစီမံချက်အဆင့်(၂) သတ်မှတ်ကာလအတွင်း ပြီးစီးရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး

 



MNP - အောက်တိုဘာ   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင် ဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူး ဦးဇော်နိုင်အေးနှင့် ခရိုင်အတွင်း (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ ဦးစီးမှူးများနှင့် တွေ့ဆုံ၍ "မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်"နှင့် ပတ်သက်၍ မြို့နယ်များအတွင်း ဆောင်ရွက်ပေး လျက်ရှိသော အခြေအနေ၊ အခြေခံလူဦးရေစာရင်းများစိစစ်ခြင်း၊ Software အတွင်းသို့ အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ ၆၆/၆/နိုင်၄ ရိုက်သွင်းမှုနှင့် စပ်လျဉ်း၍ အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များ၊ "ပန်းခင်းစီမံချက်” အဆင့်(၂) သတ်မှတ်ကာလအတွင်း ပြီးစီးရေး တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်နိုင်အေးက "မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်"နှင့် ပတ်သက်၍ မြို့နယ်များ အတွင်း ဆောင်ရွက်ပေးလျက်ရှိသော အခြေအနေ၊ အခြေခံလူဦးရေစာရင်းများစိစစ်ခြင်း၊ Software အတွင်းသို့ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆/နိုင်၄ ရိုက်သွင်းမှုနှင့် စပ်လျဉ်း၍ အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များ၊ "ပန်းခင်းစီမံချက်” အဆင့်(၂) သတ်မှတ်ကာလအတွင်း ပြီးစီးရေး ကွင်းဆင်းဆောင်ရွက်နေမှု များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာကြသော ခရိုင်အတွင်း (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များရှိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ မြို့နယ်ဦးစီးမှူးများက မိမိတို့မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ခရိုင်ဦးစီးမှူး ဦးဇော်နိုင်အေးက မြို့နယ်အလိုက် လုပ်ငန်းအားနည်းချက်၊ အားသာချက်များ၊ အခက်အခဲများနှင့် "ပန်းခင်း စီမံချက်” အဆင့်(၂) အား သတ်မှတ်ကာလအတွင်း အောင်မြင်ပြီးစီးရေးတွန်းအားပေး ဆောင်ရွက်ကြရန် ထပ်မံဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)