MNP ၊ အောက်တိုဘာ ၁၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမတွင် ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေး အသိ ပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးTalk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သိရှိလိုသည့် အချက်များကို မေးမြန်းခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ အများဆုံးတွေ့ရှိနိုင်သော နေရာများ၊ ကလေးအလုပ်သမားများ များပြားလာရသည့် အကြောင်းရင်း၊ မြို့နယ်အထွေအုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့် ဂွမြို့နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေမှုအခြေအနေများနှင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေမှု အခြေအနေများ အကြောင်းကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment