ပေါင်မြို့နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ်



MNP ၊ အောက်တိုဘာ ၁၅

ယနေ့ ကမ္ဘာကြီးတွင် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံစားနေရသောသူအ‌ရေအတွက်မှာ တစတစ မြင့်တက်လာလျက်ရှိသည်။ သို့ဖြစ်၍ အစားအသောက်ပိုလျှံမှုနှင့် အလဟဿဖြစ်မှုများကို လျှော့ချရန်ရည်ရွယ်၍ ပေါင်မြို့နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။

‌ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်လင်းလင်းမွန်က စားနပ်ရိက္ခာသည်လူတိုင်းအတွက်အရေးကြီးပုံ၊လူတိုင်းကလည်းစားစရာရှိမှအသက်ရှင်နိုင်မည်ဖြစ်ပါကြောင်း၊စားနပ်ရိပ်က္ခာဖူလုံမှနိုင်ငံတော်အတွက်သာမက ကမ္ဘာအတွက်ပါအထောက်အပံ့ရရှိနိုင်ပါကြောင်း ၊စာနပ်ရိက္ခာတွင် ဆန်၊စပါး၊ပဲအမျိုးမျိုးအပြင် အသား၊ငါးများလည်းပါဝင်ကြောင်း၊ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံ ရှိပါစေ၊လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူစားသုံးပေးပါ၊ အမြင်ပန်းမလှသည့် ဟင်းသီးဟင်းရွက်များကိုလည်း ရွေးချယ်စားသုံးပေးပါ၊အစားအစာများ စနစ်တကျ သိုလှောင်ရန်လိုပါတယ်၊

 ဝယ်ယူမည့်စားသောက်ကုန်၏ ပါဝင်ပစ္စည်း နှင့် ထုတ်လုပ်သည့်နေ့ စသည်တို့ကို နားလည်သဘော ပေါက်ရန်လိုအပ်ပါတယ်၊စားကြွင်းစားကျန်များကို ပြန်လည်တီထွင်ချက်ပြုတ်လို့ရလျှင် ချက်ပြုတ်စေလိုပါတယ်။ (ဥပမာ- ပန်းသီခွံများကိုရေနွေးပူပူဖြင့်ကြို၍ ကျန်းမာရေးကောင်းစေတဲ့ Apple Honey Tea ၁ခွက် ဖြစ်စေ ပါတယ်။)စွန့်ပစ်လိုက်တဲ့ စားကြွင်းစားကျန်များကို မြေဆီလွှာအတွက် compost ပြန်လုပ်လို့ရနိုင်ပြီး သဘာဝမြေဆွေးအဖြစ်ပြုပြင်ပြောင်းလဲလိုက်ပါ၊

  ဒေသခံထွက်အစားအသောက်များ အားပေးပါ။ ဒေသခံများထံမှ ဝယ်ယူသုံးစွဲပါ။ ပြည်တွင်းဖြစ် ကိုအားပေးရန်လိုပါတယ်၊ ငါး အကောင်ရေကိုထိန်းသိမ်းရန် ရှားပါးသည့် ငါးမျိုးစိတ်များကို လျှော့စားပါ။ (ဥပမာ- တူနာငါး) ၊ အစားအစာထုတ်လုပ်ရာ၌ ရေသည် မပါမဖြစ် ဖြစ်သည့်အတွက် ရေသန့်များကို လျှော့သုံးပါ၊ အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်း၊ ဓာတ်မြေဩဇာများမသုံးဘဲ မြေဆီလွှာနဲ့ ရေကို သန့်ရှင်းမှုရှိပါစေ၊ပဲမျိုးစုံနဲ့ ဟင်းသီးဟင်းရွက်ကို များများစားသုံးကြပါ၊ Sharing is caring ဆိုသည့်အတိုင်း အစားအစာများကို အလဟဿမဖြစ်စေဘဲ အိမ်နီးနားချင်း၊ ဆွေမျိုး အစရှိသဖြင့် မိမိမိတ်ဆွေများထံဝေမျှပေးပါ၊စသည်များဆွေးနွေးခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ( Talk Show) ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)