ကျောက်ဖြူမြို့၌ “စားသုံးသူအကာအကွယ်ပေးရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ “စားသုံးသူအကာအကွယ်ပေးရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်



MNP ၊ အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံး သူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ “စားသုံးသူအကာအကွယ်ပေးရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအားအသိပညာပေးလုပ်ငန်းများ‌ဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ ဦး ဆောင်ဆွေးနွေးပြောကြားသည်။ ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေး ကျော်က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန်” မျှော်မှန်းချက် ဖြင့် ရည်မှန်းချက် (၄) ချက်ချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ မျှော်မှန်းချက်၊ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် လုပ်ငန်းတာဝန်(၁၄)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါ ကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးအတွက် ဉပဒေ၊နည်းဉပဒေများကိုလည်း ရေးဆွဲပြဌာန်း ထားပါကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများဖြစ်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ အပေါ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရရှိစေရေး ဈေးမတင်မီစစ်ဆေး ခြင်းလုပ်ငန်းများကို ဈေးများ၊ ဈေးဆိုင်တန်းများ၊ စက်ရုံအလုပ်ရုံများတွင် ပြုလုပ်ပေးခြင်း၊ စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ၊ ကျေးရွာများနှင့် ရုံးဌာနများတွင် စီမံချက်ရေးဆွဲပြီးဆောင်ရွက်လျှက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများကို သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပူးပေါင်းကွင်းဆင်းဆောင်ရွက်နေကြောင်း၊ စားသုံးသူမိဘပြည်သူများ၏ နစ်နာချက်များကိုတိုင်ကြားလိုပါက မိမိတို့ဌာန၏ ဖုန်း၊ အီးမေးလ်၊ ဗိုင်ဘာများသို့ ဆက်သွယ်၍လည်းတိုင်ကြားနိုင်ကြောင်းနှင့် ယခုလို စားသုံးသူအကာအကွယ်‌ပေး ရေး အသိပညာပေးများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်အောင် ဆောင်ရွက်ပေးတဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ဆွေးနွေးပြော ကြားခဲ့သည်။ 


ကျောက်ဖြူခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေ‌ရေးအတွက် အွန်လိုင်းမှတဆင့် ယခုလို အသိပညာပေးဆွေးနွေးပွဲ (Talk Show)  များပြုလုပ်ခြင်း၊ ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများ အခမဲ့ငှားရမ်းပေးခြင်း တို့အပြင် ကလေးများ ဉာဏ်ရည်၊ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြော ခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပြသပေးခြင်း စသည့် အသိပညာပေးအစီအစဉ် များအား Face Book Page မှတစ်ဆင့် ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)