သထုံခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်



MNP ၊  အောက်တိုဘာ   ၁၅

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ နေ့လည်အချိန်က ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အစီအစဉ်ကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။


ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နုက Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်ပေါ်လာပုံနှင့် ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ဆောင်ပုဒ်၊ မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ချမှတ်ဆောင်ရွက်နေသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ၊ သထုံမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံရေး ဆောင်ရွက်နေမှုများ၊ မိုးစပါး တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ ပိုးမွှားအန္တရာယ်ကင်းစင်ရေးဆောင်ရွက်နေမှုများနှင့် တောင်သူများထံ အထွက်နှုန်းကောင်း မျိုးသန့် မျိုးစပါး ဖြန့်ဝေပေးနေမှုအခြေအနေများ၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ချက်များ စသည့် သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)