ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန ၌လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန ၌လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်



MNP ၊  အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေးခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ်ပြည်သူများထံ အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီက  လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်း အစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ပြုလုပ်သည်။

အဆိုပါ အစီအစဉ်တွင် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်နှင့် ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးတို့က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးစသည်တို့နှင့် လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကို ဆွေးနွေးပြောကြားကြသည်။

 အဆိုပါ Talk Show အစီအစဉ်ကို ပေါက်တောမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Pauk Taw Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း နှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူးကာ ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)