ရမ်းဗြဲမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show) ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show) ပြုလုပ်ကျင်းပ


MNP ၊  အောက်တိုဘာ  ၁၈

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ ကလေးအလုပ်သမာပပျောက်

ရေးအသိပညာပေး(Talk Show) ကိုပြုလုပ်ကျင်းပကြသည်။


ရှေ့ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အောင်တင်ကြည်က ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် ကလေးအလုပ်သမားအသိပညာပေး (Talk Show) ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားပြီး ကလေးအလုပ်သမားဆိုင်ရာ ဥပဒေနှင့်ပြစ်မှု/ပြစ်ဒဏ်များ၊  ကလေးအလုပ်သမားဖြစ်လာရသည့်အကြောင်းအရင်းများကို မေးမြန်းခဲ့သည်။


မေးမြန်းချက်များအပေါ်တွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်အုန်းမြင့်ကကလေးအလုပ်သမားဖြစ်ပေါ်လာရခြင်း၊  မြန်မာနိုင်ငံတွင်  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ  အမျိုးသားလုပ်ငန်းစီမံချက်ရေးဆွဲအကောင် အကောင်အထည်ဖေါ်ဆောင်ရွက်မှုနှင့် လုပ်ငန်းကော်မတီ (၈)ခုဖြင့်အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးပြည်

နယ် လုပ်ငန်းကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းလုပ်ငန်းကော်မတီများမှ ကာလတို ကာလရှည် အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံတွင်ကလေးများအတွက် အကာကွယ်ပေးထားသည့်ဥပဒေများ၊ ကလေးသူငယ်ဆိုင်ရာဥပဒေများ၊ အလုပ်ရုံများ၌  ကလေးအလုပ်သမားများ၏အလုပ်ချိန်သတ်မှတ်ထားမှုများ၊  ကလေးအလုပ်သမားများကို  ဥပဒေမဲ့အလုပ်ခိုင်းစေခြင်းဖြင့် ချမှတ်နိုင်သည့်ဥပဒေများရှိကြောင်းတို့ကိုပြည်သူများသိရှိနိုင်ရန်  အသိပညာပေးဆွေးနွေးပေးပြီးကလေးအလုပ်သမားပျောက်ရေးကို အစိုးရ၊ အလုပ်ရှင် အလုပ်သမား အုပ်ထိန်းသူမိဘများနှင့်  ပြည်သူများမှလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်တိုက်ဖျက်သွားကြရန်တိုက်တွန်းမှာကြားပေးခဲ့ကြောင်း သိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)