ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ

 



MNP - အောက်တိုဘာ   ၁၅


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်လဲ့လဲ့ဝင်းက ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရန် ဥပဒေနှင့် ပြစ်မှု/ ပြစ်ဒဏ်များကို မေးမြန်းခဲ့ရာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးကောင်းမြတ်အောင်က ကလေးအလုပ်သမား ဖြစ်လာရခြင်းနှင့် မြန်မာနိုင်ငံမှာ ကလေးများအတွက် အကာအကွယ် ပေးထားသည့် ဥပဒေများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ အလုပ်ရုံများ၌ ကလေးအလုပ်သမားများ၏ အလုပ်ချိန် သတ်မှတ်ထားမှုများ၊ ကလေး အလုပ်သမားများကို ဥပဒေမဲ့ အလုပ်ခိုင်းစေခြင်းဖြင့် ချမှတ်နိုင်သည့် ဥပဒေများအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - နေမျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)