ထားဝယ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/ ၆ အား မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/ ၆ အား မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်


MNP ၊ အောက်တိုဘာ   ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အာဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/ ၆  အား မိဘပြည်သူများသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲTalk Show ကို ယနေ့နံနက်ပိုင်း က ထားဝယ်ခရိုင်လူထု အခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးနိုင်ဝင်း က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ဆွေးနွေးပြောကြားပြီး လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးအောင်နိုင် က ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နှင့် အိမ်ထောင်စုလူဦးရေ စာရင်း ဆောင်ရွက် ရန် အခက်အခဲများရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ လာရောက် ဆက်သွယ် ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အသိ ပေးထုတ်ပြန်ချက် အချက်(၇)ချက်ပါအချက်အလက်များနှင့် ဆောင်ရွက်ပေးနေမှုများ၊ အိမ်ထောင်စုလူဦးရေ စာရင်းများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အသိပေးထုတ်ပြန်ချက် အချက်(၆)ချက်ပါအချက်အလက် များနှင့် ဆောင်ရွက် ပေးနေမှုများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်များအားို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။


ထို့နောက် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးနိုင်ဝင်း က ရှင်းလင်းဆွေးနွေးပြောကြားသော  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူး အားကျေးဇူးတင်ရှိပါကြောင်း နှင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


" နိုဝင်ဘာ(၁၅)ရက်နေ့ အထိ ဝန်ကြီးဌာမှ တိုးမြှင့်ဖြေရှင်းဆောင်ရွက်ဖို့ ရက်တိုးပေးထားပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးအောင်နိုင် ၏ ဆွေးနွေး ပြောကြားချက်အရ သိရသည်။


နိုင်ငံသားစိစစ်ရေးကတ် တစ်ကတ်ထက်ကိုင်ဆောင်ထားရှိသူများ သတ်မှတ်ကာလအတွင်း၌ လာရောက် ဖြေရှင်း ဆောင်ရွက်ပါက ရွေးချယ်လိုသည့်ကတ်ကို ကာယကံရှင်မှ ရွေးချယ်နိုင်မည်ဖြစ်ကြောင်း ၊ သတ်မှတ် ကာလ ကျော်လွန်ပါက ညွှန်ကြားချက်အတိုင်း ဒုတိယကတ်ကို အတည်ပြုပြီး ယခင်ကိုင်ဆောင်သည့်ကတ်ကို ပယ်ဖျက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။


ငွေဇင်ယော်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)