ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင် ပြသခြင်းနှင့် အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင် ပြသခြင်းနှင့် အသိပညာပေး (Talk Show) ပြုလုပ်

 


MNP ၊ အောက်တိုဘာ ၃

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင် ပြသခြင်းနှင့် အသိပညာပေး (Talk Show) ပြုလုပ်ခြင်းကို ယနေ့‌ နေ့လယ်ကပေါင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က (Talk Show)ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း‌ပြောကြားသည်။


ထို့နောက် အမှတ် (၉)လူကုန်ကူးမှုတားဆီးနှီမ်နှင်းရေး တပ်ဖွဲ့စု မော်လမြိုင်မှ ရဲအုပ်ချစ်ချစ်စိုးက လူကုန်ကူးမှုလျော့နည်းပပျောက်စေရန် ဆောင်ရွက်ထားရှိသည့်အချက်များ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့ရတဲ့ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှု ဥပဒေ အသစ် ရေးဆွဲ ပြဌာန်းခဲ့မှုနှင့်စပ်လျဉ်း၍လည်းကောင်း၊လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ဖွဲ့စည်းထားမှုများ၊ဖုန်းနံပါတ်များနှင့်ဆက်သွယ်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် Community Centre ခန်းမ၌ နံရံကပ်စာစောင်များကိုပြည်သူ့များက  စိတ်ပါဝင်စားစွာကြည့်ရှု့ ကြ‌ကြောင်းသိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်   Talk Show ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)