ကျောက်ဖြူမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်


MNP ၊ အောက်တိုဘာ  ၄

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တို့ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်‌ ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျောက်ဖြူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ချစ်ချစ်သန်းက “ ပြည်သူများထံသို့ သတင်းအချက်လက်များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် အစိုးရနှင့် ပြည်သူကြားပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ (Talk Show) များအား Online မှတဆင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း” ပြောကြားခဲ့ပြီး၊ ကျောက်ဖြူခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဦးမွန်က  “ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသည့် အသက်အရွယ် အောက်ငယ်ရွယ်သူကိုခေါ်ဆို ကြောင်း၊  နိုင်ငံတော်မှ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများနှင့်ပတ်သက်၍ အကာအကွယ်ပေးထားသည့် ဥပဒေများရှိကြောင်း၊  ကလေးအလုပ်သမားပပျောက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်း စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၈-၁၂-၂၀၁၃ ရက်နေ့တွင် ILO CONVENTION 182 ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါကြောငကလေ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံကလေးပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း” ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ကို ၂၀၁၈ ခုနှစ်မှ ၂၀၃၃ ခုနှစ်ထိ (၁၅)နှစ်ကာလ လျာထားပြီး ပထမ(၅)နှစ်စီမံချက်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့အား ဦးစီးပေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးအလုပ်သမားပပျောက်စေရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ မိဘ(သို့)အုပ်ထိန်းသူ၊ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ရပ်မိ/ရပ်ဖများနှင့် လူမှုမိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)