ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP ၊ အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အောက်တိုဘာ(၁၃) ရက်နေ့ ၊မွန်းလွဲ(၃)နာရီခွဲက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြု လုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော် က အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်း က စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေမှာပါဝင်တဲ့စကားရပ်များ၏ အဓိပ္ပါယ်၊ စားသုံးသူကာကွယ်ရေး ဥပဒေ၏ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ကုန်စည်နှင့်စပ်လျဉ်း၍ဖော်ပြရမည့်အာမခံချက်များ၊စီပွားရေးလုပ်ငန်းရှင်များအနေဖြင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ဖော်ပြရမည့်အာမခံချက်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူဘက်မှတောင်းဆိုနိုင်သည့် အခွင့်အရေးစသည့်အ‌ကြောင်းရာများကို အကျယ်တဝံ့ ရှင်းလင်း‌ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။


ပြည့်ဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)