ဘီးလင်းမြို့နယ်တွင်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပ



MNP ၊  အောက်တိုဘာ  ၆

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန သည် ပညာရေးဌာနနှင့်ပူးပေါင်း၍ ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ်အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကို ယမန်နေ့က မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်း က ဆွေးနွေးပွဲပြုလုပ် ရသည့်ရည်ရွယ်ချက်ကိုပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်အေးစန္ဒာဝင်း က မြတ်ဆရာ ၏အဓိပ္ပါယ်၊ ကမ္ဘာ့ဆရာများနေ့ အဖြစ်သတ်မှတ်ခဲ့ပုံနှင့် မြန်မာနိုင်ငံတွင် ကမ္ဘာ့ဆရာများနေ့ စတင်ကျင်းပခဲ့ပုံ ၊ ကျောင်းသား ၊ကျောင်းသူ များ အတွက် ဆရာ၏အရေးပါသော အခန်းကဏ္ဍများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ဇာနည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)