သထုံခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

 

MNP - အောက်တိုဘာ  ၁၅


မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နေ့လည်အချိန်က ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေး ပွဲ (Talk Show) အစီအစဉ်ကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။


ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နုTalk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က ကမ္ဘာ့စားနပ် ရိက္ခာနေ့ဖြစ်ပေါ်လာပုံနှင့် ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်၊ မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ချမှတ်ဆောင်ရွက် နေသည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ သထုံမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံရေး ဆောင်ရွက်နေမှုများ၊ မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ ပိုးမွှားအန္တရာယ် ကင်းစင်ရေး ဆောင်ရွက်နေမှုများနှင့် တောင်သူများထံ အထွက်နှုန်းကောင်း မျိုးသန့် မျိုးစပါး ဖြန့်ဝေပေးနေမှုအခြေအနေများ၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ချက်များစသည့် သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - နဒီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)