မာန်အောင်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်



MNP ၊ အောက်တိုဘာ ၇

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ တွင် ယနေ့ မွန်းလွဲ၁နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် လူမှုဝန်ထမ်းရုံး တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်‌ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မာန်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်ငြိမ်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများထံသို့ သတင်းအချက်လက်များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် အစိုးရနှင့် ပြည်သူကြားပေါင်းကူးတံတားသဖွယ်ဆောင်ရွက်ပေးလျက်ရှိသောဌာနဖြစ်ကြောင်း၊  Online မှတဆင့် အသိပညာပေးလုပ်ငန်းများ (Talk Show) များအားစဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားခဲ့ပြီး၊မာန်အောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မှဒေါ်ရတနာစိုး က "ကလေးအလုပ်သမားဆိုသည်မှာ" အလုပ်လုပ်ရန် ဥပဒေကခွင့်ပြုထားသည့်အသက်အရွယ်ဖြစ်သော်လည်းလုပ်ကိုင်ရသည့်အလုပ်အမျိုးအစားကြောင့်သော်လည်းကောင်းအလုပ်ချိန်ကြောင့်သော်လည်းကောင်းပညာရေး (သို့မဟုတ်) ကိုယ်ခန္ဓာဖွံ့ဖြိုးမှု (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတို့ကို ထိခိုက်စေနိုင်သည်ဟု မှတ်ယူနိုင်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး အမျိုးသားလုပ်ငန်းစီမံချက်(၃)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ  ကလေးအလုပ်သမားပပျောက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်း စီမံချက်များအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၁၈-၁၂-၂၀၁၃ ရက်နေ့တွင် ILO CONVENTION 182 ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ကလေး အလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း” ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ကို ၂၀၁၈- ခုနှစ်မှ ၂၀၃၃- ခုနှစ်ထိ (၁၅)နှစ်ကာလ လျာထားပြီး ပထမ(၅)နှစ်စီမံချက်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ် တို့အား ဦးစားပေးနယ်မြေအဖြစ်သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ကလေး အလုပ်သမားပပျောက်စေရေးအတွက် အစိုးရ၊အလုပ်ရှင်၊ အလုပ်သမား၊မိဘ(သို့)အုပ်ထိန်းသူ၊ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ရပ်မိ/ရပ်ဖများနှင့် လူမှုမိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)