MNP ၊ အောက်တိုဘာ ၂၀
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show)ကိုယနေ့ နေ့လယ်ကပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ကိုကို ကမီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်ဆောင်ရွက်ထားရှိမှုများ၊ မီးရဲ့သဘော၊သဘာဝများ၊မီးလောင်မှုဖြစ်ပွားမှုလျော့နည်းအောင်ဆောင်ရွက်ထားရှိမှုများ၊ဆောင်ရန်၊ရှောင်ရန်များ ၊ကြိုတင်ကာကွယ်မှုများ၊ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် အိမ်တိုင်း၊ဆိုင်တိုင်း၊နေရာတိုင်း၊အဆောက်အအုံရှိသည့်နေရာ၊စာသင်ကျောင်း၊ရုံးများ၊ရုပ်ရှင်ရုံများ၊ဈေးများ၊မော်တော်ယာဉ်များ တွင် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဗူးများကို စနစ်တကျထားရှိရန်နှင့်မီးဘေးကြုံလာပါက ၁၉၉ နှင့်ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနရုံး ဖုန်းနံပါတ် ၀၅၇-၄၇၃၁၇ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ( Talk Show) ပြုလုပ်ခြင်းဖြင့် ပြည်သူများအသိပညာများတိုးပွားစေရန် ရည်ရွယ်ပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment