ပေါင်မြို့နယ်တွင် ကမ္ဘာဆရာ့များနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေး (Talk Show) ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကမ္ဘာဆရာ့များနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေး (Talk Show) ပြုလုပ်ကျင်းပ




MNP ၊ အောက်တိုဘာ  ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ကမ္ဘာဆရာ့များနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့်  အသိပညာပေး (Talk Show) ပြုလုပ်ကျင်းပ ခြင်းကိုယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က (Talk Show)ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း‌ပြောကြားသည်။


ထို့နောက် ပေါင်မြို့နယ် ပညာရေးမှုး ဒေါ်စန်းစန်းအေး က ဆရာဆိုတဲ့အဓိပ္ပါယ်၊ ဆရာအမျိုးအစားများ၊ကမ္ဘာဆရာများနေ့ဖြစ်ပေါ်လာပုံများ၊ဆရာတစ်ယောက်ဖြစ်တဲ့အတွက်ဆရာတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်များ၊ ဆရာတစ်ယောက်ဟာ နာသုံးနာနှင့်ပြည်စုံစွာနေထိုင်တတ်ကြဖို့လိုအပ်ပါ‌ကြောင်း ဆရာတစ်ယောက်ဖြစ်ခွင့်ရတဲ့အတွက်ကြောင့် အလွန်ဝမ်းသာပိတိ ဖြစ်ရပါကြောင်း မနက်ဖြန်ကျရောက်မည့် ကမ္ဘာဆရာများနေ့ကို ဂုဏ်ပြုပါကြောင်း ဆွေးနွေးသည်။


အခြေခံပညာ အထက်တန်းကျောင်းများ၌ ကမ္ဘာဆရာများနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ ပြသပြီး ကျောင်းသား/သူများကကြည့်ရှု့ ကြကြောင်းသိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် Talk Show ပြုလုပ်ခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)