မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (TCRC) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ သီပေါတွင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (TCRC) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ သီပေါတွင်ကျင်းပ

 



MNP - အောက်တိုဘာ  ၂၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်မြို့နယ်အဆင့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ (TCRC) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌဦးအောင်စိုးဝင်းက ကလေးသူငယ်၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကလေးသူငယ်များ ပြစ်မှုမကျူးလွန်စေရေးတို့အတွက် ကော်တီဝင်များအားလုံး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်စန်းစန်းသွယ် က ကလေးသူငယ်အခွင့်အရေး(၄)ရပ်၊ အခြေခံမူ(၄)ရပ်၊ လုပ်ငန်းတာဝန်များ၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ထောက်ပံ့ပေးအပ်သည့်လုပ်ငန်းများ ၊ကလေးသူများနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသောဥပဒေများ၊ လက်ရှိဆောင်ရွက်နေသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ ကော်မတီဝင်များမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဝင် (၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)