နမ္မတူမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ (TCRC) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ (TCRC) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP - အောက်တိုဘာ ၂၉


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ (TCRC) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အမှာစကား ပြောကြားရာတွင် ကလေးသူငယ်များ၏ အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်၊ လူကုန်ကူးမှုအန္တရာယ်များ၊ အသက်မပြည့်သေးသူ ကလေးသူငယ်များ အလုပ်စေခိုင်းခြင်း ဆိုင်ရာများ၊  ကလေးသူငယ်များ၏ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ကလေးငယ်များ ကိုယ်တိုင်သိရှိနားလည်ပြီး မိမိကိုယ်ကို ကာကွယ်နိုင်စေရန် စသည့်ကလေးသူငယ်များနှင့် ပတ်သက်၍ ကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာများနှင့် အသိပညာပေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အငယ်တန်းစာရေးဒေါ်ပိုးမဉ္ဇူက ကလေးသူငယ်များနှင့် ပတ်သက်၍ မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား အသီးသီးရှင်းလင်းတင်ပြရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - လူမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)