Thomas Khanno Co., Ltd ၏ Money Changer License အား ဖျက်သိမ်းကြောင်း ဗဟိုဘဏ် ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Thomas Khanno Co., Ltd ၏ Money Changer License အား ဖျက်သိမ်းကြောင်း ဗဟိုဘဏ် ထုတ်ပြန်



MNP ၊ အောက်တိုဘာ ၁၉

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၇-၂-၂၀၁၆) ရက်နေ့တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အမှတ် စီဘီအမ်-အက်ဖ်အီးအမ်ဒီ- ၂၉၆/၂၀၁၆ ရရှိထားသည့် Thomas Khanno Co., Ltd သည် Money Changer လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါသဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၂ ကို ဖောက်ဖျက်ခြင်း ဖြစ်သောကြောင့် ပုဒ်မ ၃၅ (င) အရ Thomas Khanno Co., Ltd ၏ Money Changer လိုင်စင်အား ဖျက်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)