ပြင်ဦးလွင်မြို့တွင် ပိုးစာပင်စိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေးဆိုင်ရာ( TOT ) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် ပိုးစာပင်စိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေးဆိုင်ရာ( TOT ) သင်တန်းဖွင့်လှစ်



MNP - အောက်တိုဘာ  ၃


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ ပြင်ဉီးလွင်မြို့တွင်  ပိုးစာပင်စိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေးဆိုင်ရာ (TOT)  သင်တန်းဖွင့်ပွဲကိုယမန် နေ့နံနက် ၉နာရီခွဲအချိန်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။


ရှေးဉီးစွာ  စိုက်ပျိုးရေးဦးစီးဌာန၊  ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဒေါ်အေးမီမီစိုးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဉီးစီးဌာန၊ ပြင်ဉီးလွင်ခရိုင်ဉီးစီးမှူး ဉီးဖုန်းမောင်မှ  ပိုးစာပင်စိုက်ပျိုးရေးနှင့်ပိုးမွေးမြူရေးဆိုင်ရာ (TOT)သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့်သင်တန်းဆိုင်ရာ အချက်အလက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် သင်တန်း သားများမှ တစ်ဉီးချင်း မိတ်ဆက် စကားပြောကြားခဲ့သည်။  


ဆက်လက်ပြီး  ပိုးစာပင်စိုက်ပျိုးရေးနှင့်  ပိုးမွေးမြူရေးဆိုင်ရာ (TOT)  သင်တန်းကို(၃-၁၀-၂၀၂၂) ရက်နေ့မှ (၄-၁၀ -၂၀၂၂) ရက်နေ့အထိသင်တန်းကာလ (၂) ရက်ဖြင့် နံနက်  ၉နာရီမှ ညနေ ၄ နာရီ အထိသင်တန်းနည်းပြဆရာများမှ ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်း၊ တောင်သူသုံး ပိုးဉထုတ်လုပ် ခြင်း၊ ပိုးရောဂါကာကွယ်ခြင်း နည်းစနစ်များ၊ ပိုးများတွင်ကျရောက်တတ်သော ရောဂါများ၊ ပိုးမွေးမြူ ရာတွင် လိုက်နာရမည့် အချက်များ၊ ပိုးစာပင် စိုက်ပျိုးရာတွင်လိုက်နာရမည့်အချက်များ၊ ပိုးသုတေသ န ဆောင်ရွက်ခြင်း၊ ပိုးဉဖောက်ခြင်း၊ ပိုးစာပင်စိုက်ပျိုးရေးနှင့်ပိုးမွေးမြူရေးကွင်းဆင်းပြသခြင်းနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခြင်း စသည့်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချလျက်ရှိရာ  တိုင်းနှင့်ပြည်နယ်ကိုယ်စားပြု စိုက်ပျိုးရေးဉီးစီးဌာန၊  ပိုးစာခြံများမှ ဝန်ထမ်း (၁၆)ဉီး တက် ရောက်သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)