ငါ့သရောက်မြို့ နှောတွင်းရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားပေး(Transformer) တစ်လုံးအသစ်တိုးချဲ့တည်ဆောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါ့သရောက်မြို့ နှောတွင်းရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားပေး(Transformer) တစ်လုံးအသစ်တိုးချဲ့တည်ဆောက်



MNP - အောက်တိုဘာ  ၁၅


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပျဉ်ပင်ရပ်ကွက်တွင် တိုင်ဒေသကြီး၏ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စက်တင်ဘာလ (၂၀) မှစတင်၍ လျှပ်စစ်ဓာတ် အားပေး Transformer (၁)လုံးအသစ်တိုးချဲ့တည်ဆောက်ခဲ့ရာ ယခုအခါ(၉၀%) ဆောက်လုပ်ပြီး စီးနေပြီဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်မှ မြို့လျှပ်စစ်မန်နေဂျာ ဦးဝင်း ထွန်းထံမှသိရသည်။



ထိုသို့ ငါ့သရောက်မြို့ရှိ ရပ်ကွက်များတွင် လျှပ်စစ်ဓာတ်အား ဗို့အားပြည့်မီစွာအသုံးပြုနိုင်စေရန်၊ ယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်းစေရန်နှင့် ဓာတ်အားပေးစနစ် တိုးတက်ကောင်းမွန်စေရန် အတွက် ငါ့သရောက်မြို့  လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မြို့လျှပ်စစ်မန်နေဂျာ ဦးဝင်းထွန်းနှင့် ဝန်ထန်းများက (၂၀၂၂ ) စက်တင်ဘာလ (၂၀)မှစတင်၍ ငါ့သရောက်မြို့၊ နှော တွင်း ရပ်ကွက်တွင် (၁၁/ဝ.၄)kV (၂၀၀) KVA Transformer (၁) လုံး အသစ်တိုးချဲ့ တည် ဆောက်ခဲ့ရာ ယခုအခါ ၉၀% ဆောက်လုပ်ပြီးစီးနေပြီဖြစ်၍ မကြာခင်ရက်အနည်းငယ်တွင် လျှပ် စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ငါ့သရောက်မြို့ လျှပ်စစ်မန်နေဂျာ ဦးဝင်းထွန်းထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)