ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီရွေးချယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီရွေးချယ်



MNP - အောက်တိုဘာ    ၇


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အုတ်သျှစ်ကုန်းကျေးရွာသို့ ယမန်နေ့က မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများကသွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးဌေးဇော်က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေလုပ်ငန်းများအကြောင်းနှင့် စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းပိုင်းနှင့်ပက်သက်၍ တက်ရောက်လာသည့်ကျေးရွာပြည်သူများအား မိတ်ဆက်ရှင်းလင်းပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်မည့်ကော်မတီဝင် (၇)ဦးကိုရွေးချယ်ဖွဲ့စည်းပေးခြင်း၊ အုပ်စု(၅)စုဖွဲ့စည်းထားခြင်းနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။


ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး(VDP)ရန်ပုံငွေ တစ်ရွာလျှင်ကျပ် သိန်း(၁၀၀)ဖြင့် မြို့နယ်အတွင်း ကျေးရွာများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ကျောက်စရစ်မြေနီခင်းခြင်းနှင့်မြေသားရေကန်တူးဖော်ပေးခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှသိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)