မိုးညှင်းမြို့နယ်တွင် VDP စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်ဘောင်နှင့် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ်တွင် VDP စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်ဘောင်နှင့် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီး

 




MNP - အောက်တိုဘာ   ၁၂


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြင်သာကျေးရွာတွင်း ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးလင်း၊ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် ဝန်ထမ်းများက မြင်သာ ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေကျပ် (၁၃၅)သိန်းနှင့် ကျေးရွာလူထုမှ ထည့်ဝင်ငွေ ကျပ်(၃၅)သိန်း စုစုပေါင်းငွေကျပ် (၁၃၅)သိန်းဖြင့် ဆောင်ရွက်သည့် အရှည်ပေ ၁၂၀၀၊ အကျယ် ၁၂ ပေနှင့် အမြင့် ၆ လက်မရှိ ကွန်ကရစ်ဘောင်ဖြင့် သဲကျောက် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ၁၀၀ ရာခိုင်နှုန်းထိပြီးစီးနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး မြင်သာကျေးရွာ ကော်မတီဝင်များမှ ၎င်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။  


ဆက်လက်၍ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကျေးရွာကော်မတီဝင်များအား ဆောင်ရွက်ပြီးသည့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို တန်ဖိုးထားရန်၊ အကျိုးရှိစွာ အသုံးပြုကြရန်နှင့် လည်ပတ်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းကို ကျေးရွာအလိုက်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။


ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ခရိုင်ကြီးကြပ်မှု အောက်ရှိ မိုးညှင်းမြို့နယ်တွင် ကျေးရွာ(၉)ရွာ၊ မိုးကောင်းမြို့နယ်တွင် ကျေးရွာ(၈)ရွာနှင့် ဖားကန့်မြို့နယ်တွင် ကျေးရွာ(၃)ရွာ စုစုပေါင်းကျေးရွာ (၂၀)ရွာများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်ထံမှ သိရသည်။


သတင်း - ရွှေမိုးညှင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)