သဲကုန်းမြို့နယ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာအဆင့်လုပ်ငန်းအဖွဲ့ဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာအဆင့်လုပ်ငန်းအဖွဲ့ဖွဲ့စည်း



MNP - အောက်တိုဘာ   ၁၅


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ -၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့်ကျေးရွာ (၁၂) ရွာ အနက်မှထပ်တိုး ဆောင်ရွက်ရသည့် ထန်းပင်မှော်ကျေးရွာအုပ်စု ကျောင်း ကုန်းကျေးရွာတွင်ယမန်နေ့က ကျေးရွာအဆင့်လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းနှင့် ကျေးရွာလူထုမှ သဘောတူသည့် စီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်း တို့ဆောင်ရွက်ခဲ့သည်။


အဆိုပါ အဖွဲ့ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းထက်က ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)သည် ကျေးရွာသို့ နိုင်ငံတော်မှ သိန်း(၁၀၀) ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျေးရွာ ထည့်ဝင်သည့် ပြည်သူထည့်ဝင်ငွေဖြင့်  ကျေးရွာမှ အမှန်တကယ် သဘောတူသည့် စီမံကိန်းလုပ်ငန်းအား ကျေးရွာပြည်သူလူထု ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ရသည့် စီမံကိန်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ စီမံကိန်းဆောင်ရွက်ခြင်းဖြင့်ထန်းပင်မှော်ကျေးရွာအုပ်စုရှိ အိမ်ခြေ (၁၁၁)ရှိ လူဦးရေ(၃၈၃)ဦးအား အကျိုးပြု မည်ဖြစ်ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)