ကျောက်ဆည်မြို့နယ် ရန်ဘက်လိုကျေးရွာတွင် (VDP)စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ရန်ဘက်လိုကျေးရွာတွင် (VDP)စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီဖြစ်

 


MNP - အောက်တိုဘာ   ၁၈


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (VDP)စီမံကိန်းဖြင့် ရန်ဘက်လိုကျေးရွာတွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။


ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ(၁၀.၀၀)ကျပ်သန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား(၅.၃၀)ကျပ်သန်း၊ စုစုပေါင်းငွေကျပ်(၁၅.၃၀)ကျပ်သန်း အကုန်အကျခံကာ အရှည်(၆၆၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်းနှင့် လမ်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလပြီးစီးရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။


ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်ပေးမှုကြောင့် လမ်းများမြို့ပြနှင့် မခြားဖြစ်လာပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများသွားလာရာတွင် များစွာအဆင်ပြေခဲ့ကြောင်းနှင့် ရန်ဘက်လိုကျေးရွာမှ အိမ်ခြေ(၂၂၅)အိမ်၊ အိမ်ထောင်စု(၂၃၅)စု၊ လူဦးရေ(၈၈၇)ဦးတို့ ကူးလူးဆက်သွယ်ရာတွင် ပိုမိုမြန်ဆန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)