ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး



MNP - အောက်တိုဘာ   ၁၉


ရှမ်းပြည်နယ် (အရှေပိုင်း)၊ ”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြိုနယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆွတ်ဝိုးအုပ်စု ဝမ်ပုံကျေးရွာနှင့် အောင်သံလွင်ကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထို့သို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊ မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်နှင့် ဝန်ထမ်းများက ကျေးရွာကော်မတီ အဖဲ့ဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်အရည်အသွေးပြည့်မီ၍ အချိန်မီပြီးစီးရေးအလေးထား ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ ဆွတ်ဝိုးအုပ်စုဝမ်ပုံကျေးရွာတွင် ဘက်စုံသုံးခန်းမဆောင်နှင့် အောင်သံလွင်ကျေးရွာအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာအတွက် မတည်ရန်ပုံငွေကျပ်(၁၀)သန်းနှင့် ပြည်သူထည့်ဝင်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ကြောင်း သိရသည်။


သတင်း - စိုင်းရွှေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)