ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကူးစက်ခံခဲ့ရသူများအား ဂျပန်နိုင်ငံမှလှူဒါန်းသော ဆန်ကို ASEAN+3 နိုင်ငံများ၏ အစီအစဉ်ဖြင့်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကူးစက်ခံခဲ့ရသူများအား ဂျပန်နိုင်ငံမှလှူဒါန်းသော ဆန်ကို ASEAN+3 နိုင်ငံများ၏ အစီအစဉ်ဖြင့်လှူဒါန်း






MNP ၊ နိုဝင်ဘာ  ၁၃

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကူးစက်ခံခဲ့ ရသူများအား ဆန်ထောက်ပံ့ လှူဒါန်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေး က ထောက်ပံ့ဆန်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကူးစက်ခံခဲ့ရသူများကို တာဝန်ရှိသူများက ဆန်ထောက်ပံ့ လှူဒါန်းပေးကြသည်။

ပေါက်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကူးစက်ခံရသူ ၁၁၄ ဦးကို ဂျပန်နိုင်ငံမှလှူဒါန်းသော ဆန်ကို ASEAN+3 နိုင်ငံများ၏ အစီအစဉ်ဖြင့် လူတစ်ဦးလျှင် ဆန် ခုနှစ် ကီလိုနှုန်း၊ တစ်ကီလိုလျှင် ကိုးရာနှုန်းဖြင့် လူတစ်ဦးအတွက် ၆၃၀၀ ကျပ် နှုန်းဖြင့် လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကူးစက်ခံခဲ့ရသူ ၁၁၄ ဦးအတွက် ၇၁၈၂၀၀ ကျပ်ကို လှူဒါန်းသွားမည်ဖြစ်ရာ ထောက်ပံ့ငွေမရရှိသူများအား ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကူးစက်ခံခဲ့ရသူများအနေဖြင့်  ခိုင်လုံသောသက်သေအထောက်အထားများဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)