ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူများအား ဂျပန်နိုင်ငံမှလှူဒါန်းသောဆန်ကို ASEAN+3 နိုင်ငံများ၏အစီအစဉ်ဖြင့်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူများအား ဂျပန်နိုင်ငံမှလှူဒါန်းသောဆန်ကို ASEAN+3 နိုင်ငံများ၏အစီအစဉ်ဖြင့်လှူဒါန်း



MNP - နိုဝင်ဘာ   ၁၄


ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူများအား ဆန်ထောက်ပံ့လှူဒါန်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက ထောက်ပံ့ဆန်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူများကို တာဝန်ရှိသူများက ဆန်ထောက်ပံ့လှူဒါန်းပေးကြသည်။


ပေါက်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံရသူ ၁၁၄ ဦးကို ဂျပန်နိုင်ငံမှလှူဒါန်းသောဆန်ကို ASEAN+3 နိုင်ငံများ၏အစီအစဉ်ဖြင့် လူတစ်ဦးလျှင် ဆန် ခုနှစ်ကီလိုနှုန်း၊ တစ်ကီလိုလျှင် ကိုးရာနှုန်းဖြင့် လူတစ်ဦးအတွက် ၆၃၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။


ထို့ပြင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူ ၁၁၄ ဦးအတွက် ၇၁၈၂၀၀ ကျပ်ကို လှူဒါန်းသွားမည်ဖြစ်ရာ ထောက်ပံ့ငွေမရရှိသူများအား ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူများအနေဖြင့် ခိုင်လုံသောသက်သေအထောက်အထားများဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။


သတင်း - ဝင်းမင်းစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)